- 12 -

154 27 4
                                    


Unicode

အပိုင်း (၁၂)

- ဒါ ငါ့ရဲ့အကျွမ်းတဝင်အဖြစ်ဆုံး မိတ်‌ဆွေလေ ... မျိုးရိုးက စွေး .. နာမည်က ပုချွီ -

(၁၂)

စွေးပုချွီထိုင်ခဲ့သော သစ်သားစားပွဲဘေးဘက်နားတွင် စာလုံး‌လေးလုံးကို လက်သည်းဖြင့် ရေးခြစ်ထားခဲ့၏ - မက်မွန်ရနံ့

အမျိုးသမီးငယ်သည် ထိုစာလုံးများကို စိုက်ကြည့်နေရင်း သူမ၏မျက်ခုံးများကြားတွင် ကွယ်ဝှက်ထားသော စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာသည်။

"ဒီစာလုံးတွေကို ရေးဖို့ လူကြီးမင်း အားစိုက်ထုတ်ခဲ့ရတဲ့အပေါ်ကို သုံးသပ်ကြည့်ရင် နောက်ဆုံးတစ်ခေါက်ကထပ် ပိုပြီးအားလျော့နေတယ်.. သူ ဒဏ်ရာတစ်ခုခုများ ထပ်ရနေမလားလို့ စိတ်ပူမိလာပြီ"

အမျိုးသားက စကားသိပ်မပြောသော်ငြား မည်သို့မှ မတတ်နိုင်ဘဲ သူမကို ဖြောင့်ဖြရသည်။

"ချောင်ရှင်း.. လူကြီးမင်းက သူ့အခြေအနေကို သူသိပါတယ်"

ချောင်ရှင်းက စိတ်မသက်သာသေးပေ။

"နင် လူကြီးမင်းဆီမှာ အမှုထမ်းလာတာလည်း ကြာနေပြီ.. သူက သူ့အခြေအနေသူသိတာ မှန်ပေမယ့် အလုပ်နဲ့ပတ်သက်လာရင် ဘယ်တုန်းကများ သူ့အတွက်သူ တွေးဖူးလို့လဲ"

ကျန်စွင်းဖူထီသည် ဘာမှဆက်မပြောနေတော့ပဲ 'ဆိုပေမယ့် ငါလုပ်ပေးလို့ရမှာလဲ' ဟူသော အကြည့်ဖြင့်သာ ကြည့်လိုက်သည်။

ချောင်ရှင်း စိတ်ဓာတ်ကျသွားသည်။ အမှန်တကယ်လည်း သူမ လုပ်ပေးနိုင်တာ ဘာမှ မရှိပေ။

စွေးပုချွီသည် သူလိုချင်သည့် ပန်းတိုင်သို့မရောက်မချင်း ရပ်တန့်မည့်သူ မဟုတ်။ ယခုအခြေအနေကား သူတို့ ဖုန့်ရှောင်းနှင့် ဆုံ၍ သူ၏သရုပ်အမှန်ကို ပြောပြကာ အိမ်ပြန်မခေါ်နိုင်ဘူးဆိုပါလျှင် တခြားရွေးချယ်စရာဟူ၍ သူ့အမိန့်ကို နာခံရန်သာ ကျန်တော့သည်။ သို့သော် သူ၏အစီအစဉ်ကို နှောင့်ယှက်မိလျှင် စွေးပုချွီက သူမကို ကျိုယွဲ့မှ နှင်ထုတ်ပေလိမ့်မည်။

「Wushuang」တုနှိုင်းမဲ့ 《တုနှိုင်းမဲ့》 Where stories live. Discover now