- 8 -

423 59 8
                                    

(Unicode)

အပိုင်း (၈)

- နာကျင်မှုဝေဒနာအားလုံးသည် သူ့အတွက်တော့ ဘာမှမဟုတ် ...သူ့ကို ပို၍သန်မာစေသည့်အကြောင်းတရားများသာ ဖြစ်လေ၏ -

(၈)

မင်းအကြောင်းတွေးတာကို မရပ်တန့်နိုင်ဘဲ ကိုယ် ဘယ်လို နေရပါ့မလဲ။ (1)

နျိက်ဟယ်ရှန်း … နာမည်ကြားရုံမျှနှင့် ထောင်သောင်းမကသော ဝမ်းနည်းပူဆွေးမှုတို့ကို ခံစားလိုက်ရသည့်နှယ်။ နွေဦးကာလ၌ နူးညံ့လှပသော အဆောင်နန်းဝယ် ရှိသည့်ရနံ့အလား … ။ အမှန်တကယ်မှာတော့ ထိုရနံ့သည် အလွန်တရာ အဆိပ်ပြင်းလှသည်ဟု ကျော်ကြားသည်။

သူ၏အဆိပ်သည် လူတစ်ယောက်ကို ချက်ချင်းသေစေသည့်အဆိပ်မျိုး မဟုတ်ဘဲ အဆိပ်ရနံ့က ခန္ဓာကိုယ်ထဲဝင်ရောက်ကာ အရိုးများအတွင်းသို့ စိမ့်ဝင်မွှေနှောက်စေကာ အဆိပ်မိသူကို ထိုရနံ့အား တပ်မက်ခြင်းမျိုးဖြစ်လာစေသော အဆိပ်မျိုးဖြစ်၏။ နျိက်ဟယ်ရှန်းရနံ့ကို တစ်နေ့မရှူရှိုက်ရလျှင် အသက်ရှူရခက်ခဲလာပြီး ခန္ဓာကိုယ်တွင် ခွန်အားယုတ်လျော့လာကာ စိတ်ရှုပ်ထွေးလာမည်။ နျိက်ဟယ်ရှန်းရနံ့ကို သုံးရက်တာမရှူရှိုက်ဘဲနေရပါလျှင် သွေးကြောများက ဓားသွားတစ်ချောင်းလိုထက်မြက်လာပြီး အရိုးကိုခြစ်ထုတ်နေသည်ဟု ခံစားလာရမည်။ နျိက်ဟယ်ရှန်းကို မရှူရှိုက်ဘဲ ငါးရက်တာနေရမည်ဆိုပါက သေရုံမှလွဲ၍ မရှိတော့ပေ။ နျိက်ဟယ်တံတားသို့သွားကာ မေ့ပျောက်ခြင်းစွပ်ပြုတ်ကို သောက်သုံးဖို့ရန်သာရှိတော့သည်။ (2)

ထို့ကြောင့် နျိက်ဟယ်ရှန်းမှ နျိက်ဟယ်ဟူသည့်အမည်သည် စာပေလောကမှ ရှည်လျားထွေပြားသည့်အဓိပ္ပာယ်ကိုခေါ်ဆောင်ခြင်းမဟုတ်ဘဲ ကောင်းကင်ပြာအောက်ရှိ ဝမ်ချွမ်မြစ်ပေါ်မှ နျိက်ဟယ်အမည်ရှိ မေ့ပျောက်ခြင်းတံတားကို ရည်ညွှန်းခြင်းသာဖြစ်လေသည်။(3)

[ T/N - အဓိပ္ပာယ်ရှင်းလင်းချက်ကို အဆုံးသတ်နားမှာ ကြည့်ပေးပါ]

「Wushuang」တုနှိုင်းမဲ့ 《တုနှိုင်းမဲ့》 Where stories live. Discover now