- 13 -

491 40 4
                                    


Unicode
အပိုင်း (၁၃)
ဧကရာဇ်၏ ပထမဆုံးအကွက်

(၁၃)

'အကျွမ်းတဝင်အရှိဆုံးမိတ်ဆွေ'ဟူသည့် စကားလုံးများ ထွက်လာသည်နှင့်တစ်ပြိုင်နက် လင်ယုံးက စွေးပုချွီအား ခါးသီးစွာစိုက်ကြည့်လာသည်။

လင်ယုံးနဲ့ပတ်သက်သော ကောလဟလများကို စွေးပုချွီက သိထားပြီးသားဖြစ်၍ ဘာတွေဖြစ်ပျက်နေသလဲကို သိလိုက်ရသည်။ နှစ်ခါပင် မတွေးဘဲ သူ့ပုခုံးပေါ်မှ ဖုန့်ရှောင်း၏လက်ကို ဖယ်ထုတ်ပစ်ချင်နေသည်။ သို့သော် တစ်ဖက်လူက သူ့ကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားသည့်အတွက် သူဘယ်လိုပဲ လှုပ်ရှားစေကာမူ တစ်လက်မလေးပင် ရုန်းမထွက်နိုင်ပေ။

လင်ယုံး၏အကြည့်များ မီးပွင့်သွားသည်။ သူ ပြုံးလိုက်ကာ -

"ဖုန့်အာ့ရဲ့ အကျွမ်းတဝင်အရှိဆုံးမိတ်ဆွေဆိုတော့ လူကြီးမင်းစွေးက ချီးကျူးထိုက်တဲ့ အရည်အချင်းတွေ ရှိမယ့်ပုံပါပဲ.. စွေးလန်ကျွင့်ရဲ့ မျိုးရိုးက ပေါ်လင်းစွေးကလား ချင်းဟယ်စွေးကလား မေးပါရစေ"

စွေးပုချွီက သူ့ကို မျက်နှာသေနှင့်ကြည့်လိုက်သည်။

"တောင်တန်းဆိုတဲ့ စွေးပါ.. ပေါ်လင်းလည်းမဟုတ်သလို ချင်းဟယ်လည်းမဟုတ်ပါဘူး.. မထင်မရှား မျိုးရိုးကဆင်းသက်လာတဲ့ အညတရတစ်ယောက်ပါ"

(T/N - တောင်တန်း 山,စွေး 催 )

သူက ထိုပုံစံနှင့် စကားပြောလေလေ သူ၏ရည်ရွယ်ချက်ကို လင်ယုံးက မဆုံးဖြတ်နိုင်လေလေဖြစ်တော့၏။

စွေးပုချွီ၏ ခြေလှမ်းများက အားပျော့ညင်သာသည်။ မျက်နှာက ဖြူလျော်လျော်နှင့် အေးစက်လှ၍ မျက်လုံးများက ညှိုးနွမ်းနေပုံပေါ်၏။ ကြည့်လိုက်ရုံနှင့်ပင် သိုင်းပညာတတ်ကျွမ်းထားခြင်း မရှိမှန်း သိသာလှသည်။ ထိုမျှမက နာတာရှည်ဝေဒနာသည်တစ်ဦးအလားပင်။ သူလိုလူမျိုးက ဖုန့်အာ့၏စိတ်ဝင်စားမှုကို ရရှိလိုက်သည့်အချက်ကတော့ ပဟေဠိဆန်လွန်းလှသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ် လင်ယုံးနှင့် ဖုန့်အာ့တို့ ဆုံခဲ့စဉ်က လင်ယုံး၏ပြဿနာကို လျော့ပါးအောင် ဖြေရှင်းပေးခဲ့ဖူးသည်။

You've reached the end of published parts.

⏰ Last updated: Apr 05 ⏰

Add this story to your Library to get notified about new parts!

「Wushuang」တုနှိုင်းမဲ့ 《တုနှိုင်းမဲ့》 Where stories live. Discover now