part-1🔞🔞

71.9K 1.1K 72
                                    

               " မေမေ သားကျောင်းသွားတော့မယ်နော်
ကျောင်းကပြန်လာတဲ့အခါ မေမေပေါက်စီလုပ်ဖို့လိုမဲ့ဟာလေးတွေ ဝယ်ခဲ့မယ် "

               " အေးအေး 
အော်သား ထမင်းကိုကုန်အောင်စားခဲ့ နော် သားကြိုက်တဲ့ အရွက်ကြော်မေမေထည့်ထားပေးတယ် "

              " အဲ့ကြောင့် သားက မေမေ့ကိုချစ်နေရတာ မွ "

မေမေ့ကိုအနမ်းပေးပြီး စက်ဘီးလေးကိုတွန်းကာ ကျွန်တော့်ဘဝရဲ့ တစ်နေ့တာကိုစတင်ခဲ့တာပေါ့ ဗျာ
ကျွန်တော့်အကြောင်းကိုပြော ပြရမယ်ဆိုရင်တော့ 
ကျွန်တော့်နာမည်က Xiao Zhan
အမေတစ်ခု သားတစ်ခုပေါ့ ဖေဖေကတော့ ကျွန်တော်အလယ်တန်းလောက်ကတည်းက ဆုံးသွားခဲ့တာ
ဖေဖေမရှိတော့တဲ့ နောက်ပိုင်း မေမေကပဲ စားသောက်ဆိုင်အသေးစားလေးဖွင့်ပြီး ကျွန်တော့်ကိုကျောင်းထားပေးခဲ့တယ်  အခုတော့ တက္ကသိုလ် စတက်ရမဲ့ ပထမရက်လေ 

ပြီးတော့ ကျွန်တော်က စာရေးရတာ ဝါသနာပါတယ်
ထို့ကြောင့်လဲ online ပေါ်မှာပဲ  လျှို့ဝှက်ကလောင်နာမည် တစ်ခုနဲ့ online author လုပ်ခဲ့တယ်
စာတွေရေးနေရတာကိုက ကျွန်တော့်အတွက် ပျော်ရွှင်မှူတစ်ခုလို့ ဆိုရမလား
အခုကျွန်တော်ရေးနေတဲ့ ဝတ္ထုက *ကျွန်တော့်ကိုကို*
တဲ့      Normal  တွေ ရေးရတာ မကြိုက်တဲ့ကျွန်တော်က တော့ BL ဝတ္ထု ရေးရင်းနဲ့ နာမည်ရလာခဲ့တာ ဆိုပါတော့လေ

" ကျွီး ဒုန်း...."

ဟာ ဒုက္ခပါပဲ ကျွန်တော်အတွေးလွန်နေတာနဲ့ ကျောင်းဝမှာ ရပ်ထားတဲ့ ကားကိုမှ ဝင်တိုက် ရတယ်လို့ 

" ဟာ သွားပြီး ဒီမှာ မင်းဘယ်လိုလုပ်လိုက်တာလဲ  မင်းမျက်လုံးကန်းနေလား  ရပ်ထားတဲ့ ကားကိုမှ ဝင်တိုက်ရလား "

ကားပေါ်မှ ကျွန်တော်နဲ့  ရွယ်တူလို့ထင်ရတဲ့ ကောင်လေးတစ်ယောက်က ဆင်းလာပြီး ကျွန်တော့်ကော်လံစကို ဆွဲကာ   ပြောသည်  ကျွန်တော်လဲ ကိုယ့် အမှားနဲ့ ကိုယ်မို့ ပြန်မပြောရဲပေ

"မင်း မျက်စိကန်းရုံမကလို့နားပါလေးသွားတာလား "

" ဟို် ဟိုလေ ကျွန်တော်တောင်းပန်ပါတယ် ပြီးတော့ ကားကိုလဲ ကျွန်တော်ပြန်ပြင်ပေးပါမယ် "

My Author (complete)Where stories live. Discover now