part-16(uni)

7.5K 695 114
                                    

   " မေမေ ကျန်းမာရေးဂရုစိုက်နော် တစ်ခုခုဆိုသားကိုဖုန်းခေါ်လိုက်နော် "

ကျောင်းလဲပိတ်သွားပြီးဆိုတော့  စာမူပေးဖို့ စာတွေစရေးရတော့မယ်လေ ကျွန်တော်က အိမ်မှာပဲ ရေးချင်ပေမဲ့ Darling ရဲ့မေမေက သူဝယ်ပေးထားတဲ့ တိုက်မှာပဲအေးဆေးရေးခိုင်းစေချင်တယ်ဆိုပြီး မေမေ့ကို လာပြောတော့ မေမေကလဲ ကျွန်တော့်ကိုခွင့်ပြုလိုက်တယ်
အိမ်မှာကမေမေတစ်ယောက်ထဲကျန်ခဲ့မှာကိုကျွန်တော်စိတ်မချ ပါဘူး ပြောလဲ မရ အခုလဲ အဝတ်စားတွေကိုရောလိုအပ်တဲ့ပစ္စည်းတွေကိုရော ယူစရာရှိတာယူပြီး မေမေ့ကို နှုတ်ဆက်နေသည်

" ကဲသားရယ် မေမေ့ အတွက် ဘာမပူနဲ့ ခမည်းခမက်လဲ မကြာမကြာလာနေတာပဲ သားလေးသာ ကျန်းမာရေး ဂရုစိုက်
ရိပေါ်အပေါ်လဲ ဆိုးမနေနဲ့ ပြီးတော့ စာကိုပဲအာရုံစိုက်မနေနဲ့ အုန်း အစားပုံမှန်စား နော်"

"မေမေရေ ဒီမှာမေမေ့သားမက်လေးတစ်ယောက်လုံး ရှိပါတယ် သားမက်လေးက မေ့မေ့သားလေးကိုဂရုစိုက်မှာပေါ့ "

"ဟုတ်ပါပြီး ရိပေါ်ကိုပဲမေမေအားကိုးရတော့မယ် ကဲသွားကြတော့ "

ဒီလိုနဲ့ပဲ အသစ်ဝယ်ထားတဲ့ ခြံနဲ့ တိုက်ဆီကိုကျွန်တော်နဲ့ Darling ပြောင်းလာခဲ့တယ်  ကျွန်တော်တို့စားဖို့သောက်ဖို့ အဆင်ပြေဖို့အတွက် ယောက္ခမကြီးက အိမ်အကူတစ်ယောက်ခန့်ပေးခဲ့တယ်

မြို့နဲ့လဲ အတော်လှမ်းဝေးပေမဲ့ စာရေးဖို့အတွက်တော့ ဒီနေရာအသင့်တော် ဆုံးလို့ ကျွန်တော်မြင်တယ်

ခြံထဲကိုကားလေးကတစ်ရွေ့ ရွေ့ ဝင်သွားလေသည် ခြံကြီးက ကျယ်ရုံသာမက ဘေးပတ်ပတ်လည်တွင်လဲ ပန်းခင်းတွေနဲ့ပြည့်နေသည်  တိုက်ကလေးကလဲတော်ရုံသင့်ရုံ အရွယ်ရှိပြီး နေချင်စရာကောင်းသည်

" သခင်လေး  အဒေါ်ဘာစီစဉ်ပေးရမလဲ "

" ရတယ် ဒေါ်ကြီး ဒီနေ့တော့အဆင်ပြေသလိုလုပ်လိုက်ပါ
Babe ရောဘာစားချင်လဲစားချင်တာရှိရင်ဒေါ်ကြီးကိုပြောနော် "

" ရပါတယ် Darling ကလဲ အဆင်ပြေသလို စီစဉ်လိုက်ပါ  "

ကျွန်တော်ကဂျေးမများတတ်သူမို့် ဘယ်နေရာသွားသွားကျွန်တော့်အတွက် အဆင်ပြေနေလေသည်
အိမ်ကြီးက ပိုင်ရှင်မနေတာကြာပြီးသာပြောတယ်
ဖုန်တွေဘာတွေ တက်နေတာမျိုး မရှိဘဲ  အလွန်သပ်ရပ်နေသည် Darling မေမေကများကြိုတင်  လာပေးရှင်းခိုင်းထားတာများလား

My Author (complete)Where stories live. Discover now