uni🔞🤫🤫

17.6K 864 143
                                    

     ကျွန်တော်စကားပြောနေတုန်း ထမင်းစားခန်းထဲကို မည်သူမှန်းမသိတဲ့လူတစ်ယောက်က

" ကိုယ်က မင်းကို သိနေတာဆိုရင်ရော........ "

လက်ဆွဲအိတ်တစ်လုံးနဲ့ ထိုလူက smart ကျသည် ကြည့်ကောင်းသည် ကြည့်ရတာလဲ ချမ်းသာတဲ့အသိုင်းဝိုင်းထဲကပဲဖစ်ရမယ်
ဒါပေမဲ့လဲ ပေါ့ ကျွန်တော့်Darling  ကိုတော့မှီမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိသည် 
ထိုလူကိုDarling  ကမြင်တော့

" ဟာ အကိုဝမ်ချောင် "

ထိူလူက Darling နဲ့သိနေတာလား   ကျွန်တော်လဲ စပ်မစုချင်တော့ဘဲ ကိုယ့်ဘာသာကိုယ် ဖာတိဖာသာ နေလိုက်တော့သည်
Darling  နဲ့ယောက္ခမကြီးကတော့ ထိုလူနဲ့စကားဆက်ပြောနေကြသည်

"ဒေါ်လေး မင်္ဂလာပါ မတွေ့ရတာတောင်ကြာပြီး ရိပေါ် မင်းရောပဲ  ဒီက ညီလေးကိုရောပဲ "

သူက ကျွန်တော့်ကိုနှုတ်ဆက်ပြီး ပြုံးပြတော့ကျွန်တော်လဲ မကောင်းတတ်လို့ အလိုက်ထိုက်လေးပြန်ပြုံးပြလိုက်သည်
ကျွန်တော့်ရဲ့ စစ်မှန်တဲ့အပြုံးကို Darling ကလွဲပြီး ဘယ်သူမှ တွေ့ခွင့်မပေးနိုင်တာတော့အမှန်

" အကို ဝမ် ရာပြန်လာမယ်ဆိုပြောရောပေါ့ကျွန်တော်လာကြိုမှာပေါ့ အခုတော့ဘာမှလဲ ကြိုမပြောဘူး "

" ရိပေါ်ကလဲ ငါကမင်းကို ပြောပြရအောင် မင်းကငါ့လင်လား "

" အကျင့်ကတော့ စပြီး ဟားဟား မေမေရောမကောင်းဘူး သိနေတာမလား အကိုဝမ်ပြန်လာမယ်ဆိုတာ "

" သိတာပေါ့ မေမေပြောလို့ ဒီကိုရောက်လာတာလေ အော်ဒါနဲ့သားမက်လေး ဒါက မေမေ့ရဲ့ တူဆိုလဲ မမှားဘူး ပြီးတော့ဝမ်ချောင်က နိုင်ငံခြားကပြန်လာတာ "

" ဟုတ်ကဲ့ "

Babe က စကားနည်းသွားသည်
မေမေမိတ်ဆက်ပေးတော့လေ ဟုတ်ကဲ့ လို့သာခေါင်းငြိမ့်ဖြေသည် အပိုစကားတွေမပြော ကျွန်တော့်ကိုလဲ စကားတစ်ခွန်းမှ မပြောတဲ့အပြင် ကြည့်လဲမကြည့် Babe ဘာဖစ်သွားတာလဲ ကျွန်တော်မသိပေ

ပြီးတော့အကို ဝမ်ချောင်ကလဲ စကားများသူပီပီ Babe လေးကို စကားတွေစပြောတော့သည်
သူက ဘာလို့ Babe ကိုသိနေရတာလဲ ဆိုတာကျွန်တော်မတွေးတတ်  ဒီကိစ္စက မေမေစီစဉ်ထားတာများဖစ်နေမလား
နိူင်ငံခြားမသွားခင်ကတည်းက ရည်းစားရှုပ်ပွေလွန်းတဲ့
အကိုဝမ်ချောင်ကြောင့် ကျွန်တော် babe ကိုစိတ်မချပါ

My Author (complete)Where stories live. Discover now