uni(🌚🌚🔞🔞🔞🔞🔞🔞)

14K 662 80
                                    


  မနက်ခင်း နေရောင်ခြည်စူးစူးက ပြတင်းပေါက်နေဖောက်ဝင်ပြီး မျက်နှာပေါ်ထိုးကျလာသောကြောင့်  ကျွန်တော်နိုးထလာခဲ့သည်
အချိန်ကို ကြည့်တော့လဲ
မနက်8နာရီ  ထိုးနေလေပြီ

ကျွန်တော်လဲအပျင်းကြောဆန့်ကာ ထထိုင်လိုက်ပြီး ညကအိမ်မက်က ခေါင်းထဲကိုထစ်ကနဲ ပေါ်လာခဲ့သည်

" ဘာလို့ အဲ့အကြောင်းပြန်လဲ အား စိတ်ရှုပ်စရာပဲ Darling က ဘယ်ကိုသွားလဲမသိဘူး "

ဆိုပြီး ရှောင်ကျန်းတစ်ယောက် တစ်ယောက်ထဲ စကားတွေပြောက မျက်နှာသစ်ဖို့  ရေချိုးခန်းထဲသို့ဝင်သွားခဲ့သည်

ခဏကြာတော့ ရိပေါ်လဲရှောင်ကျန်းကိုနှိုးဖို့ အခန်းထဲဝင်လာခဲ့တယ်
အခန်းထဲရောက်တော့ ကုတင်ပေါ်မှာလဲ မရှိ ရေသံတွေကြားနေရတယ် ရေချိုးခန်းထဲမှာဖစ်မယ်ဆိုပြီး တံခါးနားကပ်ကာ

" Babe. ရေချိုးခန်းထဲ မှာလား "

မေးလိုက်တော့  ကျွန်တော်ရဲ့ချစ်လှစွာသော Babe က
တံခါးကို ဖွင့်လိုက်ပြီး ကျွန်တော့်ကို တောက်ပဆုံး အပြုံးနဲ့ပြုံးပြနေလေသည်

" ဟင် Babe မျက်နှာတောင်သစ်ပြီးပြီးလား ကိုယ်က မျက်နှာသစ်ပေးမလို့ကို "

" Darling ကလဲ Babe ဘာသာ သစ်လို့ရပါတယ် အခုတော့ ဗိုက်ဆာတယ် ဘာရှိလဲ ဟင် "

" ရှိပါတယ် ဗျာ ကျွန်တော်မျိုးက အကုန်ပြင်ဆင်ပြီး သားပါ ဗျ့ ကဲ သွားစားကြမလား အော်နောက်နေ့တွေဆို မျက်နှာကိုကိုယ်ပဲသစ်ပေးမယ်နော် Babe ဘာလုပ်စရာမလိုဘူး ဟောဒီက လက်နှစ်ဖက်ကို စာရေးဖို့အတွက်ပဲသိမ်းထား ဟုတ်ပြီးလား "

" ဟုတ် Darling "

Darling ကအရမ်းသိတတ်တာပဲ Darling ပါးစပ်ဖျားက ထွက်လာတဲ့ စကားလုံးတွေကိုကြားရတာ ကျွန်တော့်
နှလုံးခုန်သံတွေ ဆူနာမီမုန်တိုင်းထဲရောက်သွားသလိုပဲ  ရင်ခုန်သံတွေ မြန်လာလို့လေ

ကျွန်တော်လဲ အောက်ဆင်းဖို့အလုပ် Darlingက ကျွန်တော့်ရှေ့ရောက်လာပြီး ကိုယ်ကိုအနည်းငယ် ကုန်းလိုက်ကာ

" တက် ကိုယ့်အပေါ်ကို "

လေတဲ့  ကျွန်တော်လဲ ခေါင်းညှိတ်ပြီး Darling ပေါ်တက်လိုက်သည် Darling က ကျွန်တော့်ပိုကုန်းပိုးကာ အောက်သို့ဆင်းလာခဲ့သည်

My Author (complete)Where stories live. Discover now