uni

4.8K 475 58
                                    

    ကျွန်တော်နဲ့ ဖန်ဖန် Babe လေးကိုစောင့်နေတော့
Babe က toilet  ထဲကနေ ထွက်လာတော့ ကျွန်တော်လှမ်းပြုံးပြလိုက်တဲ့အချိန်  Babeရဲ့ ခန္ဓာကိုယ်လေးက ရုတ်တရက်လဲကျသွားတော့
ကျွန်တော့်မှာ  မျက်လုံးတွေပြာသွားခဲ့ တယ် 
ဖန်ဖန်က PaPa လို့ အော်သံ ကြားလိုက်တော့ မှ ကျွန်တော်အသိပြန်ဝင်ကာ Babe ဆီပြေးသွားကာ လဲ ကျနေတဲ့ ကိုယ်လေးကို ပွေ့ချီပြီးကားပေါ်တင်ကာ ဆေးရုံသို့ အမြန်မောင်းလာခဲ့တော့သည်

"  Babe ဘာမဖစ်ရဘူးနော်  ကိုယ်တို့အခု ဆေးရုံရောက်တော့မယ် "

ခဏအကြာတော့ ဆေးရုံသို့်ရောက်လာခဲ့သည်   Babe ကို doctor တွေက စမ်းသပ်ပေးနေတုန်း ကျွန်တော်ကတော့ မေမေတို့နဲ့ ကျန်းချန်တို့ ဆီ ဖုန်းဆက်ပြီး အကြောင်းကြားလိုက် သည်

" Daddy    ဖန်ဖန် PaPa ကိုတွေ့ချင်ပြီး "

ကျွန်တော့်အကျီၤစလေးကို ဆွဲပြီး မျက်ရည်စလေးတွေနဲ့ ပြောလာတဲ့ သားလေးကိုကြည့်ပြီး စိတ်မကောင်းဖစ်ရပြန် သည်

" ခဏနေ တွေ့ရမှာပေါ့ ဖန်ဖန်ရဲ့ အခု Doctor တွေက PaPa နေပြန်ကောင်းအောင်လုပ်ပေးနေတယ်လေ "

" ဟုတ် Daddy "

ဖန်ဖန်က ကျွန်တော်တို့ဆီရောက်လာတာမကြာသေးပေမဲ့ 
အချိန်တစ်ခဏလေးအတွင်းမှာ အတော်လေး ကျွန်တော့်တို့ကိုသံယောဇဉ် တွယ်မိသွားပုံရတယ်
ကျွန်တော်လဲ ဖန်ဖန်ကိုကိုယ့်သားလေးတစ်ယောက်လိုချစ်ပါတယ်

"  သား   ဘယ်လိုတွေဖစ်ကြတာလဲ "

" မေမေ "

" ရိပေါ် ဘယ်လိုဖစ်တာလဲ ငါ့မှာ မင်းဖုန်းဆက်ဆက်ချင်းလန့်သွားတာလဲ ရှောင်ကျန့်ရော"

" Doctor တွေ စစ်ဆေးနေတုန်း "

ခဏအကြာမှာတော့....

" Doctor  အခြေနေလေး "

" ဘယ်လို ပြောရမလဲ တောင်မသိတော့ဘူးဗျာ    ကျွန်တော်တို့ လဲ အကြိမ်ကြိမ်စမ်းသပ်ခဲ့တယ် အဖြေက တစ်မျိူးပဲထွက်နေတယ် "

" ဘာဘာ ဖစ်လို့လဲ Doctor ကျွန်တော်ရင်တွေပူလှပြီး "

" လူနာမှာ ကိုယ်ဝန်ရှိနေတယ် "

My Author (complete)Where stories live. Discover now