Chapter 1(U+Z)

2K 99 2
                                    

Unicode

အခန်းငယ်လေးတစ်ခု...
ထိုအခန်းလေးထဲဝယ်..သီချင်းသံလေးတစ်ခုပျံလွင့်လို့နေသည်...

🎤All my love is gone o.o.o.o.o.one..
     All my love is gone... Now you're dead and gone 🎤

ထိုသီချင်းလေးကိုသူမပန်းချီကားတစ်ချပ်ကိုရေးဆွဲရင်းဖွင့်ထားမိသည်..ပန်းချီဆရာမတစ်ဦးဖြစ်ပေမဲ့လည်းသီချင်းဆိုရတာဝါသနာပါသူမို့သီချင်းများကိုနှစ်သက်သည်...မည်သည့်သံစဥ်ကိုမဆိုနားထောင်သော်လည်းသီချင်းအေးအေးလေးများကိုပိုကြိုက်သည်...လက်ကဆေးချက်များတစ်ချက်ပြီးတစ်ချက်ရေးဆွဲရင်းနှုတ်ခမ်းဖျားလေးလှုပ်ရုံမျှလဲလိုက်ဥာည်းနေမိသည်...
ဒီသီချင်းလေးကလွန်ခဲ့တဲ့တစ်ပတ်ကသူမသူငယ်ချင်းတွေဆုံရင်းက..သူငယ်ချင်းတစ်ယောက်ရဲ့ringtoneသံလေးကိုကြားပြီးသဘောကျလို့မေးကြည့်မိတော့....
Roséလို့ခေါ်တဲ့အဆိုတော်မလေးဆိုထားပြီးGoneတဲ့...ဒီလောက်နာမည်ကြီးနေတဲ့သီချင်းရယ်..လှလွန်းလို့နာမည်ကျော်ပြီးအသံချိုချိုလေးကြောင့်debutထဲကပင်နာမည်ရနေတဲ့Roséကိုမသိရကောင်းလားဆိုပြီး..အပြောတောင်ခံခဲ့ရသေးတယ်..မတတ်နိုင်ကိုယ်က..သီချင်းကြိုက်ရင်သာနားထောင်တာအဆိုတော်တွေကိုမမှတ်တတ်...ခုတောင်ထိုအဆိုတော်မလေးရဲ့အသံချိုချိုလေးကိုသာနားထဲဆွဲနေတာ..သူ့ကိုတစ်ခါမှမမြင်ဘူးသေး..social mediaမှာလည်းမရှာဖြစ်...ကိုယ့်အားလပ်ချိန်တွေကိုပန်းချီကားတွေကပိုင်တာမို့..

စုတ်တံဖြင့်အပြာရောင်ဆေးခွက်ထဲနှစ်ပြီးကားချပ်ပေါ်ရေးခြစ်လိုက်သည်...ခေတ္တမျှအကြာတော့သူမရဲ့နှုတ်ခမ်းလေးများကလှပစွာကော့ညွှတ်သွားသည်...
အသည်းပုံ ပုံစံအပြုံးလှလှလေး...

"နောက်ဆုံးတော့ပြီးသွားခဲ့ပြီ"

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက်ရန်ပုံငွေပွဲအဖြစ်ပန်းချီပြပွဲလေးလုပ်သည့်အတွက်သူမလည်းကိုယ်တတ်သည့်
ပန်းချီပညာလေးနှင့်ပန်းချီလေးသုံးကားလောက်ပါဝင်လှူဒါန်းဖြစ်သည်...အလှူငွေထည့်ဖို့ကျကိုယ်တောင်အနိုင်နိုင်ကိုယ့်စရိတ​်နှင့်ကိုယ်မို့..

ေရးဆဲွဲ​ြပီးသွားသောပန်းချီကားလေး၏အောက်​​ေခြထောင့်ဘက်တွင်ဆေးအမည်းလေးနှင့်လက်မှတ်ထိုးလိုက်သည်....
Soyaaa...

KILL THIS LOVE (Complete)Where stories live. Discover now