Chapter 3(U+Z)

968 117 0
                                    

Unicode

At Rola Hotel

Rolaဟော်တယ်၏အောက်ဆုံးထပ်ဟောခန်းမကျယ်ကြီးတွင်ပါတီပွဲတစ်ခုကျင်းပနေသည်..ဂုဏ်ပြုညစာစားပွဲပုံစံပဲပေါ့..မီးရောင်စုံများနှင့်ဟော့ဟော့ရမ်းရမ်းကကြသည့်ပါတီမဟုတ်ဘဲpianoသံစဥ်ငြိမ့်ငြိမ့်လေးဖြင့်သာပွဲလေးကိုဆင်နွှဲနေကြသည်..ပွဲလာသူများကလည်းဂုဏ်သရေရှိအထက်တန်းလွှာတွေချည်းပဲမို့..စင်မြင့်ထက်တွင်တော့သက်ဆိုင်ရာငှာနမှကျေးဇူးတင်စကားပြောနေသူများနှင့်...

အချိန်အနည်းငယ်ကြာသော်...

"ဟုတ်ကဲ့ပါခင်ဗျာ..ကျွန်တော်တို့ရဲ့နောက်ထပ်အစီစဥ်အဖြစ်ဤပွဲမှာသီဆိုပေးဖို့ကမ်းလှမ်းထားတဲ့အဆိုတော်တစ်ဦးရဲ့ဖျော်ဖြေရေးအစီအစဥ်ပဲဖြစ်ပါတယ်..ခင်ဗျာ...ခုလိုမအားတဲ့ကြားကလာရောက်ဖျော်ဖြေပေးတဲ့အတွက်လည်းကျွန်တော်တို့ကဒီနေရာကနေပဲကျေးဇူးတင်လိုက့ပါတယ်ခင်ဗျာ..ကဲကဲ..ကျွန်တော်ခုပဲထိုအဆိုတော်ဘယ်သူလဲသိရအောင်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ.."

ပွဲလာဧည့်သည်အပေါင်း၏အာရုံအားလုံးသည်စင်မြင့်ထက်က ကန့်လန့်ကာဆီမှာသာ..အားလုံးကမည်သူလဲဟုသိလိုကြဟန်...အင်းjisooလည်းအပါအဝင်ပေါ့...

ထိုစဥ်သူမနားထဲတွင်ရင်းနှီးပြီးသားသံစဥ်လေးတစ်ခု....ထိုသံစဥ်လေးစတင်သည်နှင့်အတူကန့်လန့်ကာစလေးသည်လည်းတဖြေးဖြေးပွင့်လို့လာသည်...

ွပရဟိတရန်ပုံငွေပွဲတွင်ပါဝင်ကြသူများထဲတွင်လူငယ်များလည်းပါဝင်နေသည်မို့ထိုလူငယ်တွေကတော့Rosé..Roséဟုတိုးတိုး..တိုးတိုးနှင့်မြင်ရဖို့စောင့်နေကြသည်...jisoo..သူမလည်းအရမ်းကြိုက်တဲ့သီချင်းမို့..ထိုအဆိုတော်မလေးကိုသူမမြင်ဖူးချင်သည်...ထို့ကြောင့်ကန့်လန့်ကာစနောက်ကွယ်မှပေည်လာမည့်သူမကိုသာစိတ်ဝင်တစားစောင့်နေမိသည်...

နောက်ဆုံးမှာတော့စင်မြင့်ထက်တွင်နောက်ကျောပေးကာရပ်နေသောသူမကိုjisooအပါဝင်ပရိသတ်အားလုံးမြင်လိုက်ရပါပြီ....အဖြူရောင်ဂါဝန်တိုလေးနှင့်သူမ...ရွှေရောင်ဆံနွယ်တွေကိုခပ်မြင့်မြင့်ချည်ထားသည်....ဂါဝန်တိုလေးပေမို့...လှပသောခြေတံလေးများကဖြောင့်တန်းစွာနှင့်ထိုခြေတံလေးမိားအဆုံးတွင်မဖြူရောင်ဒေါက်မြင့်ဖိနပ်ကိုဝတ်ဆင်ထားသည်....

KILL THIS LOVE (Complete)Where stories live. Discover now