Chapter 22(U+Z)

759 97 12
                                    

Unicode

"တီး..တောင်..."

တံခါးဘဲလ်သံကြောင့်jisooချက်လက်စဟင်းရည်အိုးကိုမီးပိတ်ကာအခန်းဝသို့ခပ်မြန်မြန်ထွက်လာခဲ့သည်..ဘယ်သူပါလိမ့်..ငယ်ကဒီလိုအချိန်ပြန်မလာတတ်ပါဘူး...တံခါးကိုဖွင့်ဖွင့်ချင်းပင်မြင်လိုက်ရသည်က...

သူမတစ်ရပ်စာထက်ပင်ရှည်သောpikachuရုပ်ကြီးခေါင်းပေါ်မှာ Christmas hatလေးနဲ့..သူမအကြိုက်ဆုံးကာတွန်းဇာတ်ကောင်လေးမို့ဝမ်းသာအားရထိဖို့ပြင်လိုက်တော့....

"Marry Christmas. မ....ဒီChristmasကစလို့နောက်နှစ်Christmasတွေအထိအတူဖြတ်သန်းကြရအောင်...ဘယ်လောက်ပဲဆူးလမ်းပေါ်ဖြတ်ရပါစေ..ငယ်ကဦးဆောင်မှာမို့..မကငယ့်လက်ကိုတဲွဲပြီးငယ့်ကိုသာအားကိုပြီးကျော်ဖြတ်ပါ..."

Jisoo..သူမအလှဆုံးအပြုံးလေးတစ်ပွင့်ကိုငယ့်အားပြုံးပြလိုက်သည်...မျက်ဝန်းထဲကမျက်ရည်စတွေဟာပီတိမျက်ရည်တွေလို့သာငယ်ထင်ပါစေ....တကယ်တော့ဘာ့အတွက်ကြောင့်မှန်းကိုသာသိသည်...ငယ်.....ကတိမတည်နိုင်တော့ဘူးလေကွာ....ကံဇာတ်ဆရာကြိုးဆွဲရတဲ့ရုပ်သေးသာသာလူသားတစ်ဦးမို့.....

"လာလေ..မ..ဘာတွေတွေးနေတာလဲ...ဒီဟာကြီးကိုကူမပါဦး..."

Rosé၏စကားသံကြောင့်jisooသူမကိုမျက်စောင်းပါးပါးလေးထိုးလိုက်သည်....

"ဘယ်သူကဝယ်လာခိုင်းလို့လဲ...သူ့ဘာသာဝယ်လာပြီးတော့.."

Jisooရဲ့မျက်စောင်းထိုးတဲ့ပုံစံလေးကိုကြည့်ရင်းRoséမှာအချစ်ပိုရပြန်သည်..ဒါလားသူမထက်သုံးနှစ်နီးပါးကြီးတဲ့ကောင်မလေး...

"ဘယ်သူမှမဝယ်ခိုင်းပေမဲ့ဟော့ဒီကယောကျ်ားကမိန်းမလေးပျော်အောင်ဝယ်လာပေးတာပါကွာ...မွ.."

စကားတောင်ပြီးအောင်မနားထောင်လိုက်ရ..ငယ်သည်သူမ၏ပါးကိုခပ်ဖွဖွလေးနမ်းလိုက်ပြန်သည်...

"ငယ်...!.."
ရရင်ရသလိုအခွင့်ရေးယူတတ်တဲ့ငယ့်ကိုထားခဲ့ကာသူမဘာသာမီးဖိုထဲဝင်လာခဲ့သည်...

"မိန်းမလေးကစိတ်ဆိုးသွားတာလားကွာ....ယောကျ်ားကချစ်လို့စတာပါကွ...ကြည့်ပါရစေဦး..မိန်းမလေးရဲ့မျက်နှာလှလှလေးကိ​ု..."

KILL THIS LOVE (Complete)Dove le storie prendono vita. Scoprilo ora