Chapter 11(U+Z)

816 100 4
                                    


Unicode

Jisoo...ထမင်းစားရန်ပြင်မည်ဟုပြောပြီးRoséရှေ့မှထွက်လာခဲ့သည်...မိမိလက်မတွင်သူမ၏မျက်ရည်စတို့မခြောက်သေး...ရင်ထဲတွင်လည်းနာကျင်မှုတို့မပျောက်သေးပေ....ရင်ထဲမှဆို့တက်လာသောနာကျင်မှုကိုမျက်ရည်တို့အဖြစ်မပြောင်းလဲလာအောင်တင်းခံထားသည်...အသက်ရှူကျပ်သလိုလိုပင်ဖြစ်နေချေပြီ...မီးဖိုခန်းထဲသို့ပြေးကာရေကိုဖန်ခွက်တစ်ခွက်လောက်မော့ချလိုက်သည်....မျက်ဝန်းအိမ့်တွင်ဝေ့ကာရစ်သိုင်းနေသောမျက်ရည်စတို့ကိုလက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်ဆွဲကာသုတ်လိုက်သည်.....မျက်နှာကိုခပ်မြန်မြန်သစ်ပြီးညစာပြင်ရန်စတင်လိုက်သည်....မျက်နှာထက်တွင်ဟန်ဆောင်ခြင်းရောသောအလှပဆုံးအပြုံးတစ်ပွင့်ဖန်တီးလျှက်...မည်သူသိမလဲရင်ထဲတွင်နာကျင်နေမည်ဆိုတာ.....

"ငါ...ငါLisaကိုပဲချစ်တာ..ဟုတ်တယ်Chae youngကိုရင်ခုန်တယ်ဆိုတာခဏတာတိမ်းညွတ်သွားမှုပဲ..Lisaကလဲွဲပြီးတစ်ခြားသူကိုချစ်ဖို့ငါ့နှလုံးသားကဒဏ်ရာတွေနဲ့နာကျင်လွန်းလို့မဖြစ်နိုင်တော့ဘူး...ဟုတ်တယ်.....အ.."

လက်ထဲမှအသားလှီးနေသောဓားသသည်သူမရဲ့လက်ညှိုးထိပ်ကိုရှမိသွား၏...

"မ..."
ဘယ်ချိန်ထဲကရောက်နေမှန်းမသိပေမဲ့..Rosé၏အသံကိုသူမကြားလိုက်ရသည်...

"Chae youngဟိုလေ..ငါ..."
ပြောတာပင်ဆုံးအောင်နားမထောင်...သူမရဲ့လက်ကိုဘေစင်၌ဆေးနေသည်....သွေးတိုကြမတိတ်ချေ..

"သွေးကထွက်နေတုန်းပဲ.."

"ရတယ်Chae youngငါ..ဆေး..Chae young!!."

နွေးထွေးမှုကိုခံစားလိုက်ရသောသူမလက်ချောင်းလေး...Chae youngကသူမလက်ညှိုးထိပ်ကိုငုံကာထွက်လာသောသွေးတို့ကိုတစ်တိတိစုပ်ယူနေသည်...ထွက်လာသောသူမသွေးတို့ကိုထွေးထုပ်ခိုင်းရန်...

"Chae youngထွေး..."
ဒီတစ်ခါလည်းနောက်ကျသွားပြန်ပြီ..Chae youngသည်သူမစကားကိုဘယ်တော့မှဆုံးအောင်နားမထောင်....

"ဘာလို့မျိုချလိုက်ရတာလဲ...မင်း..မင်းမရွံဘူးလား.."

ထိုသို့ပြောတော့Chae youngကခပ်ဖွဖွလေးပြုံးသည်...သူမ၏မျက်လုံးများသည်jisoo၏မျက်လုံးသို့တည့်တည့်ကြည့်လျှက်....သူမရဲ့လက်များကိုjisoo၏ပါးပြင်ပေါ်သို့ခပ်ဖွဖွလေးအုပ်ကိုက်ကာ...

KILL THIS LOVE (Complete)Where stories live. Discover now