Chapter 13(U+Z)

790 85 3
                                    

Unicode

"Soo.."

သူမကြားရသည်...Lisaကသူမကိုခေါ်နေသံကို...မော့မကြည့်ရဲ့ပါ..ခုချိန်ထိLisaနဲ့မျက်နှာချင်းဆိုင်ဖို့သတ္တိမရှိ....မည်သူမြင်နိုင်လိမ့်မလဲ....ငုံ့ထားသောမျက်နှာလှလှလေးရဲ့မျက်ဝန်းအိမ်လေးမှာမျက်ရည်တွေတွဲလဲခိုနေတာကို...

"Soo..ငါ့ကိုကြည့်ပါဦး..."

"Liသူ့ကိုသိလို့လားဟင်.."
Jisooကြားနေရပါသည်..Lisaဘေးမှjennieဟူသောကောင်မလေး၏မေးသံကို...သူမသိချင်မိသည်.Lisaထိုမိန်းကလေးအားသူမမည်သယဟုပြောမည်နည်း...သူငယ်ချင်း​ဟောင်းတစ်ယောက်လို့လား..ဒါမှမဟုတ်သူ့ကိုတစ်ဖတ်သက်ကြိုက်နေတဲ့သူဆိုပြီးတော့လား...

"သိတာပေါ့jen..ကိုယ်တို့ရဲ့ဆက်ဆံရေးကမေ့ပစ်ဖို့မလွယ်တဲ့...အနက်ရှိုင်းဆုံးအ..ဖြူ..စင်..ဆုံးမေတ္တာတွေနဲ့ခင်မင်ခဲ့ကြရတဲ့လွန်ခဲ့တဲ့ငါးနှစ်ကနောက်ဆုံးတွေ့ခဲ့တဲ့သူငယ်ချင်းဟောင်း...ဟင့်အင်းကိုယ်အချစ်ရဆုံးသူငယ်ချင်းလေးပေါ့..."

သူငယ်ချင်း...ရီရသား...သူငယ်ချင်း..အင်းလေသူ့အတွက်ကတော့သူငယ်ချင်းပဲပေါ့..ငါကသာဆန်းဆန်းပြားပြားတွေဖြစ်ခဲ့ရတာ...အခုထိငါ့အပေါ်ကိုအဖြူစင်ဆုံးပေါ့...ဒီ့အတွက်ငါကျေးဇူးမတင်ဘူးLisa....နင်ကြောင့်ငါရခဲ့တဲ့ဒဏ်ရာကခုမှသွေးတိတ်ခါစမို့.....

စိတ်ထဲမှရေရွတ်နေသောစကားလုံးတို့သည်နှုတ်မှထွက်မလာ....လည်ချောင်းတွင်သာတစ်စို့ပျောက်ကွယ်သွားရသည်...ခံစားချက်တို့ဖြေသိမ့်ရာသည်တင်းတင်းစုပ်ထားသောလက်သီးစုပ်များ၌သာ....

"Soo...လွန်ခဲ့တဲ့ငါးနှစ်ကငါတို့နောက်ဆုံးတွေ့ခဲ့တဲ့နေ့လေးကိုမှတ်မိတယ်မလား...ဒီနေ့ပဲ...အဲ့နေ့ကဒီနေ့လေးပဲ...ခုဆိုငါနဲ့jenရဲ့ချစ်သူသက်တမ်းလည်းငါးနှစ်ပြည့်ပြီလေ...ပြီးတော့နင့်ကိုငါပြော..."

"တော်တော့Lisa..နင့်စကားကိုဒီမှာပဲရပ်လိုက်တော့...နင်နဲ့ငါ့ရဲ့ဆက်ဆံရေးကဘယ်တော့မှအရင်လိုအကောင်းပကတိအတိုင်းဖြစ်တော့မှမဟုတ်ဘူး...အနှစ်သာရမရှိတဲ့စကားတွေကိုစကားလုံးလှလှတွေနဲ့ဆွဲဆောင်ထားသလိုမျိုး..အပေါ်ယံမှာလှပပေမဲ့အတွင်းကျကျကြည့်ရင်ပေါ့ပျက်ပျက်နဲ့စိတ်ပျက်စရာပဲ...ဘာလို့လဲသိလား...နင်နဲ့ငါ့ရဲ့ကြားမှာအဖုအထစ်တစ်ခုကခြားထားလိုက်ပြီ...အဲ့လိုအဖုအထစ်ကြီးကိုငါကလွယ်လွယ်လေးမေ့ပြီးနင်နဲ့အရင်လိုပျော်ပျော်ပြန်နေပေးရမယ်ပေါ့..ဟုတ်လား..နင်ငါ့ရဲ့ခံစားချက်ကိုထည့်မတွက်ပေးတော့ဘူးလား..နင်ကသိပ်ကိုအတ္တကြီးလွန်းတယ်..."

KILL THIS LOVE (Complete)Where stories live. Discover now