Chapter 21(U+Z)

771 90 8
                                    

Unicode

"ဟွတ်..ဟွတ်.."

"မ..ချောင်းတွေဆိုနေတာမပျောက်နိုင်တော့ဘူး...ဆေးရုံသွားရအောင်လေနော်.."

"ရပါတယ်..ငယ်ရာ..ရာသီဥတုကအေးလာလို့ဖြစ်တာပါ..ချောင်းဆိုးပျောက်ဆေးလေးသောက်ထားလိုက်မယ်.."

"အင်း..ဒါဆိုငယ်အလုပ်သွားတော့မယ်နော်..ဒီနေ့photo shooting လေးရှိလို့..ညကျရင်လည်းမဆီမှာပဲအိပ်မှာ.."

"အင်း..ငယ်...ငယ့်အိမ်လဲမှိုတက်တော့မယ်နော်..မပြန်တာတစ်ပတ်လောက်ရှိနေပြီ.."

"ပြန်မှာပါမရယ်..ခုတော့ရုံးမသွားခင်လေးအားဆေးတိုက်ပါဦး..."

"ငယ်..နော်.."

"ဘာလဲ..မတိုက်ချင်ဘူးလား..တစ်ခါထဲလေမရယ်..နော်.."

နှုတ်ခမ်းစူကာပြောလာသောငယ်သည်တစ်ခါတစ်လေတော့လည်းသိပ်ကိုကလေးဆန်နေပြန်ပါသည်....နှုတ်ခမ်းကိုစူကာမျက်လုံးမှိတ်ပြီးသူမနမ်းတာကိုစောင့်နေသောငယ့်ကို..သူမရဲ့နှုတ်ခမ်းလေးနဲ့ထိကပ်လိုက်သည်.....

"အွတ်..."

ငယ်သည်အခွင့်ကောင်းကိုချောင်းနေတဲ့မြေခွေးမလေးပင်....ခဏတာထိကပ်ပေးဖို့ရည်ရွယ်ထားသောအနမ်းသည်ငယ့်လက်ထဲမှာအချိန်ကြာရှည်ခဲ့ပါပြီ...ငယ်သည်သူမရဲ့နှုတ်ခမ်းသားတစ်ခုလုံးကိုငုံထွေးလိုက်...အပေါ်နှုတ်ခမ်းသားတွေကိုဆွဲစုပ်လိုက်နှင့်..မအားမလပ်...ထို့နောက်သူမရဲ့ပါးနှစ်ကိုငယ်ဟာသူ့ရဲ့နှုတ်ခမ်းလေးနဲ့ခပ်ဖွဖွလေးနမ်းသည်...သူမရဲ့နှာဖူးလေးကိုလည်းဖိကပ်နမ်းရှိုက်သည်..သူမရဲ့နှာခေါင်းလေးကိုလည်းငယ်ဟာသူမရဲ့နှာခေါင်းလုံလုံးလေးနဲ့ဖွဖွလေးပွတ်ပေးသည်...သူမရဲ့မေးစေ့လေးကိုလည်းခပ်ဖွဖွ...ငယ့်ရဲ့နှုတ်ခမ်းတွေဟာသူမရဲ့မေးစေ့မှာတစ်ဆင့်မေးရိုးတစ်လျှောက်ပွတ်ဆွဲကာသူမရဲ့နားရွက်ဖျားလေးကိုခပ်ဖွဖွလေးဆွဲစုပ်နေသည်..ရှက်လွန်းသောကြောင့်ငယ့်ရဲ့ရင်ခွင်ထဲမျက်နှာဝှက်ထားနေရသည်..

ငယ်ဟာတစ်ကယ့်ကိုလူဆိုးမလေး...

"ငယ်..တော်..တော်တော့ကွာ..အလုပ်နောက်ကျနေမယ်.."

သူမပြောမှငယ်ဟာသူမမျက်နှာနားမှတဖြည်းဖြည်းခွာလျှက်...

KILL THIS LOVE (Complete)Where stories live. Discover now