Chapter 10(U+Z)

880 100 8
                                    

ဖြေးညှင်းစွာ....ဖြေးညှင်းစွာပင်သူမထိုနံရံဆီသို့လျှောက်လာခဲ့သည်...ပိတ်ဖြူအုပ်ထားသောပန်ချီကားများသည်အရွယ်မျိုးစုံပင်.....ထိုပိတ်ဖြူကိုလှန်ရန်သူမ၏လက်တို့သည်တုန်ရီနေသည်...စိတ်လှုပ်ရှားလွန်း၍ရင်ခုန်နေသည်မှာတစ်ခန်းလုံးသူမနှလုံးခုန်သံပဲကြားနေရသည့်အလား...Rosé....သူမလက်တို့သည်တုန်ရီစွာနှင့်ပင်ပိတ်ဖြူ၏အစလေးကိုစုတ်ကိုင်လိုက်သည်....မလှန်သေး....မလှန်ရဲသေးပါ...အားအင်လေးအနည်းငယ်ဖြစ်လိုဖြစ်ငြား..မ..ကိုလှည့်ကြည့်မိတော့..မ..ကနံရံကိုမှီကာထိုင်လျှက်သားပင်...သူမလှည့်ကြည့်သည်ကိုမြင်တော့မေးတစ်ချက်ဆက်ပြသည်....လှန်လိုက်လေဟူသည့်သဘောပေါ့...မျက်လုံးကိုစုံမှိတ်ချကာလက်မှလည်းထိုပိတ်ဖြူစကိုကြမ်းပြင်ပေါ်သို့တစ်ပါတည်းဆွဲချလိုက်မိသည်.....သက်ပြင်းကိုမျှင်းမျှင်းလေးချကာမျက်လုံးအစုံကိုဖြေးညှင်းစွာပင်ဖွင့်ကြည့်လိုက်သည်....

"ဟင်.."

Roséနှုတ်မှပင်အံသြသံထွက်သွားရသည်...
ထိုအရွယ်စုံပန်းချီကားတို့သည်...တစ်ဦးတည်းတစ်ယောက်တည်း...တစ်နည်းပန်းချီးကားတိုင်းလိုလိုသည်မိန်းမငယ်တစ်ဦး၏ပုံကို..ကိုယ်နေဟန်ထားပြောင်းကာရေးဆွဲထားခြင်းပင်....ဆံမြိတ်လေးနှင့်..မျက်နှာသွယ်သွယ်လေးနှင့်..ဘိုမရုပ်လေးလိုလှသောထိုမိန်းကလေးသည်မည်သူနည်း....ပန်းချီကားထဲတွင်ရေးဆွဲထားသောပုံတွေသည်....မိုးရေထဲတွင်တစ်စုံတစ်ခုကိုသဘောကျနေဟန်ပြုံးကာပြေးနေပုံ....ကျောင်းခေါင်မိုးထပ်တွင်နားကြပ်တပ်ကာထိုင်နေပုံ.....စာသင်ခန်းမှပုံ.....လမ်းလျှောက်နေပုံ...အို...အမျိုးမျိုးသောလှုပ်ရှားမှုတွေပါပဲ....

"Lalisa manoban.."
ရုတ်တရက်ကြားလိုက်ရသောမ၏အသံ...lalisa manoban..နှုတ်မှခပ်ဖွဖွရေရွတ်မိသည်...မသည်ထိုင်နေရာမှထကာသူမထံသို့လျှောက်လာနေသည်.....မျက်လုံးများကတော့သူမထံမှာမဟုတ်....ထိုပန်းချီကားထံမှာပင်...

"Lalisa manoban...သူမနာမည်ပဲ..."

"သူမ...သူမကဘယ်သူလဲညီမသိခွင့်ရှိမလား...မ"

ထိုသို့ပြောလိုက်တော့jisooကသူမကိုကြည့်လာသည်...မြတ်နိုးရပါသောအသည်းပုံနှုတ်ခမ်းလေးသည်မပီ့တပီပြုံးလျှက်....

KILL THIS LOVE (Complete)Where stories live. Discover now