2 (U)

3.8K 855 29
                                    

E Translator: dounai
Editor: mantou

ချန်းကျို စားစရာထားသည့်စတိုခန်းထဲသို့ ကော်ဖီဖျော်ရန်ဝင်လိုက်သည်။ ထိုင်ခုံဆီပြန်ရောက်သည့်အခါ ဖုန်းထုတ်၍ Be Your Eyes ကိုဖွင့်လိုက်သည်။ သုံးမိနစ်အတွင်း ဒီနေ့အတွက်အကူအညီတောင်းရန် ​ပေ့ပေ့မှသူ့ဆီဆက်သွယ်လာတော့မည်။

ချန်းကျိုသည် Be Your Eyes ရဲ့တီထွင်ဖန်တီးသူများထဲမှတစ်ဦးဖြစ်သည်။ အစက သူဒီ Appကိုအစမ်းသုံးကြည့်၍ Function တွေ ညှိနှိုင်းပြင်ဆင်ရန် စသုံးခဲ့ခြင်းပင်။ ဒါပေမယ့် ပေ့ပေ့နှင့် လိုင်းပေါ်ဆုံပြီးသည့်နောက် သူဒီ App ကိုဖွင့်ရန် နောက်ထပ်အကြောင်းပြချက်တစ်ခုရသွားပြီ။

တကယ်တော့ ချန်းကျိုသည် ပေ့ပေ့ဘယ်လိုပုံလဲဆိုတာမြင်ခဲ့ပြီးဖြစ်၏။ ပြီးခဲ့တဲ့လရဲ့ရက်တစ်ရက်မှာ 'Close friend' function ကိုသုံးပြီး ဆက်သွယ်နေစဥ် ပေ့ပေ့က မတော်တဆရှေ့ကင်မရာကိုပြောင်းမိသွားတာပင်။ ရလဒ်ကတော့ ချန်းကျိုခေါင်းမော့လိုက်သည့်အခါ စခရင်ပေါ်မှာ ပေ့ပေ့ရဲ့မျက်နှာလေးကို မြင်လိုက်ရသည်။

ပေ့ပေ့သည် အတော်လေးငယ်ပုံပေါက်ပြီး နှစ်ဆယ်ကျော်လေးပင်ရှိလိမ့်အုံးမည်။ ရှေ့ဆံပင်လေးမှာ အနည်းငယ်ရှည်နေပြီး မျက်ခုံးကိုပင်ဖုံးနေသည်။ သူ့တွင် ဖြောင့်စင်းနေသည့်နှာတံမြင့်မြင့်နဲ့ သွယ်လျသည့်မေးချွန်ချွန်လေးလည်းရှိသည်။ ထိုအချိန် စိတ်လှုပ်ရှားစွာအောက်နှုတ်ခမ်းကိုဖိကိုက်လိုက်သည့်အခါ ရှေ့သွားလေးနှစ်ချောင်းမှာ ပေါ်ထွက်လာသည်။

ထိုအရာအားလုံးထက် သူ့တွင် တခြားသူများရဲ့ရင်ကိုကိုင်လှုပ်စေနိုင်သည့် မျက်လုံးတစ်စုံနှင့် သိပ်မရှည်သော်ငြား ထူထပ်လှသည့်မျက်တောင်များရှိသည်။ မျက်ဝန်း၏ အတွင်းထောင့်သည်ဝိုင်းစက်​နေပြီး အဖျားမှာမဆိုစလောက်ကော့တက်သွားကာ မျက်ဆံလေးများမှာ အညိုဖျော့ဖျော့လေးဖြစ်သည်။

ကံမကောင်းလှစွာ ထိုမျက်ဝန်းများဟာ အမှောင်အတိပြည့်နေ၏။

ချန်းကျိုရဲ့ ပထမဆုံးတုံ့ပြန်မှုမှာ နောင်တဆိုတာကို ခံစားလိုက်ရတာပင်။ ကိုယ်ချင်းစာခြင်း ဒါမှမဟုတ် သနားဂရုဏာသက်ခြင်းမျိုးမဟုတ် ဒီအတိုင်း ကံဆိုးလိုက်တာဟု ခံစားမိခြင်းသက်သက်ပင်။ အလွန်လှပသောပန်းအိုးကို မတော်တဆကန်လိုက်မိပြီး အစိတ်စိတ်ကွဲကြေသွားကာမှ အကောင်းအတိုင်းပြန်မရနိုင် ၊ ပြန်လည်မပြုပြင်နိုင်တော့သည်ကို သိလိုက်ရတဲ့အခိုက်မှာ ခံစားရတဲ့နောင်တမျိုးပင်။

Find My Bearings | ဘာသာပြန် [Main Story Completed]Where stories live. Discover now