5 (U)

4K 910 51
                                    

Translator: youtiao

Editor: dounai & mantou

မည်သို့ပင်ဖြစ်စေကာမူ ဘဝကြီးကတော့ အရင်လိုပါပဲ။ ဘာပဲပြောပြော cz2046 မရှိပဲနဲ့တောင် လွန်ခဲ့တဲ့ငါးနှစ်လုံးကို ကျိရှောင်ပေတစ်ယောက်တည်း ဖြတ်သန်းခဲ့တာမဟုတ်လား။ ဒါတွေအကုန်ကျော်ဖြတ်နိုင်မှာပါလို့တွေးထားပေမယ့် အစပိုင်းမှာတော့ တော်တော်လေးအလူးအလဲဖြစ်ခဲ့ရတာပေါ့။

သူကအရင်ကဆိုအမြဲလိုလို ဖုန်းဆက်လာမှာကိုစောင့်မျှော်ပြီး နောက်လာမယ့်စကား​ဝိုင်းအတွက်စောင့်ဆိုင်းနေခဲ့ရတာ။ သူ့နှလုံးအိမ်ထဲ ခံစားချက်တွေနဲ့ မျှော်လင့်ချက်တွေစုပုံနေတာကြောင့် အချိန်ကုန်တာမြန်တယ်လို့ထင်ရတာပေါ့။ အခုကြတော့ မနက်ခင်းတိုင်းကို ဘာမျှော်လင့်ချက်မှမရှိပဲနိုးထလာရတာ။ တသွင်သွင်စီးနေတဲ့ရေဟာရေသေဖြစ်လာပုံပင် – လှုပ်ရှားမှုလည်းမရှိ စီးဆင်းမှုလည်းမရှိတော့။

'Be Your Eyes' ကိုဆက်လိုက်လျှင် 'BYE' ဖြစ်၏။

နေ့စဥ်နေ့တိုင်း ကျိရှောင်ပေသည် ဆိုဖာပေါ်ထိုင်ရင်ထိုင် မဟုတ်ရင် အိပ်ရာပေါ်လှဲနေလိမ့်မည်။ စားပွဲတင်နာရီကစက္ကန့်လက်တံရဲ့ ​ခပ်နှေးနှေးနှင့် လေးလေးပင်ပင်လည်နေတဲ့ မြည်သံတချက်ချက်ကို နားထောင်နေလိမ့်မည်။

ချောက် - ချက် ၊ ချောက် - ချက် ၊ ချောက် - ချက် ။

တစ်ခါတစ်ရံမှာ တစ်နေကုန်စိတ်ကူးယဥ်နေတတ်ပြီး တစ်ခါတစ်ရံကြ သူ့ရဲ့စိတ်အစဥ်က cz2046 ထံ လှည့်လည်နေလိမ့်မည်။

သူက App ကိုစမ်းသုံးရင်း cz2046 ဆီမှာ ရှက်ဖွယ်ကောင်းလောက်အောင် အချိန်ကြာကြာငြိတွယ်ခဲ့တာ ၊ cz2046ကို သာမန် user အထင်နှင့်ဆက်ဆံခဲ့ပြီး သူ၏သဘောကောင်းမှု နူးညံ့ကြင်နာမှုတွေကို အစစ်အမှန်လို့မှတ်ထင်ခဲ့တာ ၊ cz2046က သူ့ကို ရုပ်ရှင်ရုံမှာမှတ်မိနေသည့်တိုင် နှုတ်ဆိတ်နေခဲ့တာ စတာတွေကိုပြန်တွေးနေ၏။ သူကမြင်လည်းမမြင်နိုင် ဘာတွေဖြစ်နေမှန်းလည်းမသိနိုင်သည့် သူ့ကိုစနောက်ပြီးအရူးလုပ်ရတာ ပျော်စရာများကောင်းနေသလား?

သူက အိမ်ထဲမှာပဲတသီးတခြားခွဲနေပြီး အပြင်ထွက်ရမှာကိုငြင်းဆန်လာသည်။ အပြင်ထွက်ခဲ့တာဆိုလို့ နှစ်မကူးခင်ညမှာ ဒေါ်လေးက ညစာစားရန်လာကြိုပြီး ဒေါ်လေးအမျိုးသားက ပြန်လိုက်ပို့ပေးခဲ့သည့်တစ်ကြိမ်သာ။

Find My Bearings | ဘာသာပြန် [Main Story Completed]Where stories live. Discover now