ပေ့ပေ့လေးအားစားခြင်း

4.5K 834 51
                                    

ပေ့ပေ့လေးအားစားခြင်း

Warning ⚠️ NSFW Alert ! ! ! Read at your own risk !

Translator: youtiao & dounai
Editor: dounai & mantou

ကျိရှောင်ပေရဲ့အသက်နှစ်ဆယ့်တစ်နှစ်ပြည့်တွင် ချန်းကျိုသည် ထင်မထားတဲ့အရှက်တကွဲအကျိုးနည်းမှုနှင့်ကြုံလိုက်ရ၏။ ထိုသူရဲ့မျက်ဝန်းအိမ်ထဲမြူဆွယ်မှုအပြည့်ဖြင့် "ချန်းကျိုကနမ်းတာကလွဲပြီးတခြားဘာမှမသိဘူးမဟုတ်လား?"... ထိုသို့ဆိုပြီး သူကချန်းကျိုကိုတံခါးမှာဖိကပ်၍ သူရဲ့ဂျယ်လီလိုနှုတ်ခမ်းများကိုတတိတိကိုက်နေ၏။

အရင်အချိန်များကိုပြန်တမ်းတရလျှင် ကျိရှောင်ပေသည်ဘာကိုမှမသိနားမလည်သောအဖြူထည်ကလေးဖြစ်ခဲ့၏။ ချန်းကျိုပထမဆုံးအကြိမ်လျှာကိုအသုံးပြုခဲ့စဥ်က ကျိရှောင်ပေသည်တုန်လှုပ်ကာလန့်ဖြန့်သွားခဲ့၏။ "ဘာလို့လျှာကြီးလာထည့်တာတုန်း!" ဟု တီးတိုးမေးလိုက်သည်။

ချန်းကျိုကလျစ်လျူရှုလိုက်ပြီး ယက်ကန်ယက်ကန်နဲ့ကိုးရိုးကားရိုးဖြစ်နေသောထိုသူရဲ့လျှာကလေးကိုကိုက်ပစ်လိုက်‌‌သေးသည်။ ကျိရှောင်ပေကနာသွားသဖြင့်လျှာကိုပြန်သိမ်းလိုက်တဲ့အခါ ချန်းကျိုကအခွင့်အရေးယူ၍ သူ့လျှာကိုကျိရှောင်ပေပါးစပ်ထဲထည့်လိုက်၏။ ကျိရှောင်ပေကမချင့်မရဲဖြင့် သူ့ကိုတွန်းထုတ်ပြီး နောက်တစ်ဆင့်တက်ရန်ငြင်းဆို‌လေသည်။

အကြိမ်အနည်းငယ်လောက်လုံးထွေးပြီးမှ ကျိရှောင်ပေလည်းအသိတရားရသွား၏ : ဝိုးး ဒါကမှအကြင်နာအနမ်းရဲ့တကယ့်အနှစ်သာရပဲ!

နေ့တိုင်းညတိုင်း ကျိရှောင်ပေသည်ကြိုးစားပမ်းစားသင်ယူပြီး ဇွဲရှိရှိလေ့ကျင့်ခဲ့၏။ ရက်အနည်းငယ်အကြာတွင် အမြဲတစေသွားရည်သာကျရသောသစ်သားတုံးကလေးမှ အနမ်းကျွမ်းကျင်သောဆရာတစ်ဆူဖြစ်လာသည်။ သူကတစ်ကယ့်ဆရာကြီးပဲ ဘယ်သူကမှသူ့ကိုကျော်နိုင်မှာမဟုတ်ဘူး။

...

ချန်းကျိုက အရှက်တကွဲဖြစ်ကာသိက္ခာကျပြီး အူထဲအသည်းထဲမှဒေါသများလှိုက်တက်လာ၏။ သူကအံကိုကြိတ်ရင်း "တွေ့ကြသေးတာပေါ့ကွာ" ဟုကြုံးဝါးကာ အလောတကြီးအောက်ထပ်ပြေးဆင်း၍ရပ်ကွက်ထဲရှိနှစ်ဆယ့်လေးနာရီကုန်စုံဆိုင်မှ 'ဟိုဟာဒီဟာ' များသွားဝယ်လေသည်။

Find My Bearings | ဘာသာပြန် [Main Story Completed]Où les histoires vivent. Découvrez maintenant