Dessert 11 ~ 15 (Unicode)

2K 292 11
                                    

11

နှင်းတို့ဖြင့် စပ်လျဉ်း၍...

ကျိရှောင်ပေက နှင်းကျသည့်နေ့ရက်တို့ကို မုန်းတီးခဲ့ပါသည်။ သူကမိုးသံဆိုကြားရပေမဲ့ နှင်းကျချိန်မှာတော့ ခြောက်ခြားဖွယ်ကောင်းအောင်တိတ်ဆိတ်လွန်း၍ပင်။ မိုးရွာရင် မိုးရေစက်တို့၏ ပဲ့တင်သံက မိုးဖွဲနေသလား၊ မိုးသည်းနေသလား၊ ဒါမှမဟုတ် မိုးရွာနေဆဲလား၊ မိုးစဲသွားပြီလားကို သူ့နားထဲမှာ ကြားသိနိုင်သည်လေ။

နှင်းများဆိတ်ငြိမ်စွာကျသည့်အခါ သူလုံးဝမကြားရ။ ကမ္ဘာလောကကြီးကနေဖယ်ကြဥ်ခံထားရသလို အမျိုးမည်တပ်မရသည့်ကြောက်ရွံ့မှုတို့ကြီးစိုးစေပါသည်။

သို့သော် ဒီနှစ်မှာတော့ မတူပါ။ သူ့မှာ ချန်းကျိုရှိနေပြီ။

သီတင်းပတ်ကုန်ရက်များမှာနှင်းကျမည်ဟု မိုးလေဝသခန့်မှန်းချက်မှာဖော်ပြပြီး နာရီဝက်ကြာတိုင်း ကျိရှောင်ပေက "နှင်းကျပြီလား?" ဟု မပျက်မကွက်မေးကာ အကြိမ်တိုင်းမှာ ချန်းကျိုက "မကျသေးဘူး"ဟု အမြဲ‌‌ဖြေနေရသည်။

နံနက်ရှစ်နာရီမှ ညရှစ်နာရီအထိ ဆက်တိုက်မေးခဲ့အပြီးမှာ ကျိရှောင်ပေတစ်ယောက်စိတ်မရှည်တော့ပဲ "မိုးလေဝသသတင်းက ဘယ်လိုလုပ်ပြီးအလိမ်အညာဖြစ်နေရတာလဲ!" 😞

.

ညအချိန်သူတို့နမ်းနေတုန်း ပြတင်းပေါက်အပြင်ဘက်မှ လေတိုးသံကြားလိုက်ရ၏။ မျှော်လင့်ချက်တို့ပြည့်‌နေသောမျက်နှာလေးဖြင့် ကျိရှောင်ပေက ပြတင်းပေါက်ဘက်ကိုလှည့်ကာ "နှင်းကျတော့မှာလား?"

"ကိုယ်တို့ လုပ်ငန်းစနေကြပြီ‌လေ၊ စိတ်တွေဘယ်လွင့်နေတာလဲ?"  ချန်းကျိုက ရှူးရှူးရှားရှားဖြစ်သွား၏။

ကျိရှောင်ပေကရှေ့ကိုတိုးပြီးအသံကျယ်ကျယ်အနမ်းပေးကာ "သွားကြည့်‌ပေးပါလား၊ နှင်းတွေကျနေပြီလားဆိုတာ"

ချန်းကျိုက သူ့ရင်ခွင်ထဲပွေ့ဖက်ထားဆဲပင်။ ချန်းကျိုသည် ကျိရှောင်ပေ၏ခါးကို လက်တစ်ဖက်တည်းဖြင့်ပွေ့ကာ လေထဲသို့ မ,လိုက်၏။

ကျိရှောင်ပေဟာ လန့်ဖြန့်သွားပြီး ချန်းကျို၏လည်တိုင်ကို အမောတကောဖက်တွယ်ကာ "ဘာလုပ်တာလဲ?"

Find My Bearings | ဘာသာပြန် [Main Story Completed]Where stories live. Discover now