[00]

7.1K 414 16
                                    

{ zawgyi }

"ဝမ်က သိပ်..လှတာ"

နန်းတော်အတွင်းမှာရှိသည့် လူတိုင်း၏ နှုတ်ဖျား၌ ထိုစကားမှာ ဆွဲထင်နေခဲ့သည်။ အရှေ့ကိုမျှော်လို့ ကြည့်ပါသတဲ့ဆို
ဝမ် ဆိုသည့် လူသားပျိုလေးတစ်ဦးအကြောင်း တီးတိုးပြောဆိုနေကြသည့် နန်းတွင်းမှ ပန်းရောင်ဝတ် အပျိုတော်များအားတွေ့မြင်ရမည်ဖြစ်ပြီး အနောက်သို့လှမ်းကြည့်ပါလျှင် ခေါင်းချင်းဆိုင်လို့ တွတ်ထိုးနေကြသည့် အစိမ်းဝတ် ကုန်းကုန်းတစ်စုအား သေချာပေါက်တွေ့မြင်ရမည်ဖြစ်သည်။

ထပ်ဆောင်းလို့.. တောင်ကြည့်,မြောက်ကြည့် နန်းတော်ရင်ပြင်၏ ဘယ်နေရာသို့ကြည့်ကြည့် နေရာတစ်ကာတိုင်း ဝမ် ဆိုသည့် လူသားပျိုလေးအကြောင်း ​ပြောဆိုနေကြသည်။

"အလုပ်ချိန်မှာ အချောင်ခိုလို့ ကြင်ယာတော်ဝမ်အကြောင်း ပြောနေကြပြန်ပြီ

မင်းတို့ ခေါင်း မလိုချင်တော့ဘူးလား"

ရေညှိရောင်ပေါက်နေသည့် ပိုးသားဝတ်ရုံအား ဝတ်ဆင်ထားသည့် အသက်ကြီးကြီး ကုန်းကုန်းတစ်ယောက်မှ အုံစုနေသောလူအုပ်ကြားထဲဝင်လို့ ဆူပူတော့ စုနေသည့် လူများအကုန်လုံး သူ့နေရာ ကိုယ့်နေရာ အလျှိုလျှိုပြန်သွားကြလေသည်။

ရှောင်းအရှင်မှာ သူ၏ကြင်ယာတော်ဝမ်နှင့် ပတ်သတ်လာလျှင် အလွန်အတ္တကြီးလေတယ်။ အဘယ်အကြောင်းကြောင့်နှင့် သူ့ထက် သက်တော်နှစ်ဆယ်ကျော်မျှ ငယ်ရွယ်၍ ချောမောလှလွန်းသည့် နတ်သားပျိုလေးအား နန်းတော်သို့သိမ်းယူလို့ ​ဆောင်ခဲ့သည်လဲမသိ။

ရှောင်းအရှင် နန်းတော်သို့ခေါ်ဆောင်လာခဲ့သည့် ပထမရက်၌ပင် ခါးအထက်ထိရှည်လျားသည့် ဇာခမောက်အဖြူအား ဝတ်ဆင်ထားသည့်အပြင် ဝတ်ရုံဖြူဖြူနှင့်သာ ထိုအတိုင်းရောက်လာသည်ကြောင့် နန်းတော်အတွင်း ကြင်ယာတော်ဝမ်၏ ပုံသဏ္ဍာန်အား တွေ့ဖူးသူမှာ အလွန်တရာ ရှားပါးလွန်းလေသည်။

လက်ဖျားခြေဖျားလေး မြင်ရရုံနှင့်တင် ထိုမျှလောက်ထိ နှစ်လိုဖွယ်ကောင်းနေပါလျှင် မျက်နှာများမြင်သွားပါလျှင် ရှောင်းအရှင်နှင့်ပါ စစ်ခင်းရနိုင်ချည်ရဲ့။ ထို့အတွက်ကြောင့်နှင့်တူပါရဲ့ ရှောင်းအရှင်ဟာလည်း ကြင်ယာတော်ဝမ်အား တော်ရုံ မည်သူ့ကိုမှ မြင်ခွင့်မပြုပေ။ ကြင်ယာတော်ဝမ် ရောက်ရောက်ခြင်းနေ့၌ပင် နေ့ချင်းညချင်းတွင်း အကောင်းဆုံးအဆောင်တစ်ခုကို ဆောက်လုပ်၍ တန်ဖိုးအရှိဆုံးဟူသည့် နေရာထိုင်ခင်းနှင့်ထားသည်။

Oh! My Dear Emperor [ Complete ]Where stories live. Discover now