{ unicode }
ဝုန်း..
ချွမ်း!
အခန်းတွင်းမှ ဝရုန်းသုန်းကား အသံများကြောင့် အဆောင်ရှေ့ ရောက်ရောက်ချင်း စောင့်ပင်မစောင့်နိုင်တော့ပဲ ဟန်ရင်း ပြေးဝင်လိုက်မိသည်။ တွေ့လိုက်ရသည်များမှာ အဝေးတစ်နေရာသို့ လွင့်နေသည့် ဓားတစ််ချောင်းနှင့်အတူ ကြမ်းပြင်ပေါ် မှောက်ခုံလေးနှင့် နာနာကျင်ကျင် လဲကျနေသည့် အကိုတော်။
" တကယ်ပဲ ဘယ်လိုတွေ လုပ်နေတာလဲ! ဒီဓားလေးတစ်ချောင်းတောင် ပြန်သယ်မနိုင်တော့မယ့် လက်နဲ့ ဘာများလုပ်ဖို့ ကြိုးစားနေတာလဲ! "
" ရင်း.. "
မောကြည့်လာသည့် မျက်ဝန်းထဲအံ့သြရိပ်များ ရောနှောနေသည်။ မယုံကြည်နိုင်သလို တိုးဖွဖွခေါ်သံနှင့် ရေရွတ်နေသောကြောင့် အနီးဆုံးထိ ရောက်အောင်သွားလို့ လဲကျနေသူအား ထူမ,ပေးတော့လည်း မျက်ရည်ဝိုင်းနေသည့် မျက်ဝန်းများဖြင့် ကြည့်နေပြန်သည်။ ဂရုဏာဒေါသဖြင့် သူ့အား ဆူငေါက်မိသည်ကိုလည်း အပြစ်ယူသည့်ပုံမပေါ်။
"ရင်း..တကယ်ကောရဲ့ ရင်းလေးပေါ့နော်"
" ခင်များဘေးမှာ တောင့်တောင့်ကြီး ရပ်ပြနေတာတောင် ကျွန်တော်ဟုတ်လား မေးနေသေးတာလား"
ရိပေါ် သူ့ဘေးမှ ဂျစ်တစ်တစ်ကောင်လေး အားကြည့်၍ ပျော်ရွှင်၍ ကျလာသည့် မျက်ရည်များမှာ ပါးပြင်ပေါ် အလူးအလိမ့်။ သူ ယခုဘဝ၌ ထိုကလေးအား ပြန်တွေ့ခွင့်ပင် မရတော့ဟု သူထင်ထားသည်လေ။
"အခုထိ ရယ်နေသေးတယ်.. ရယ်နိုင်သေးတယ်နော် ၊ ရူးနေတာလား ခင်များက! "
ဝမ်းနည်းမှုများ ကြားထဲမှ သဘောတကျ ရယ်မိပြန်တော့ ထုံးစံအတိုင်း ဆူပုတ်လာသည့် ဒေါသအိုးလေးပင်။
"ကောက ညီငယ်လေးကို ပြန်တွေ့ရတာ ဝမ်းသာလို့ပါ ၊ ကောတို့ မတွေ့ဖြစ်ကြတာတောင် အရမ်းကြာပြီလေ၊ ကြည့်ပါဦး.. ကော ညီလေးတောင် အရွယ်ရောက်လာပြီပဲ.."
ပါးပြင်လေးအား ခပ်ဖွဖွကိုင်၍ ဆံပင်လေးကို အသာလေး သပ်တင်ပေးတော့ ခေါင်းလေးငုံ့လို့ ရင်ခွင်ထဲတိုးဝင်ရှာသည်။ ရင်းနှင့် ရှောင်းပေါက်စတို့နှစ်ဦးမှာ သိပ်တူလေသည်။ ထိုကလေးနှစ်ယောက်လုံးမှာ သူ၏ လက်ထဲ ကြီးပြင်းခဲ့သည်ခြင်းလည်း တူသည့်အပြင် မဆိုးတတ်ပါပဲ သူ့အပေါ်ဆိုးနေခြင်းများလည်း တူပေသည်။