[03]

2K 242 22
                                    

{ unicode }

"ဒီ မီးပုံးပျံ ယူမယ် "

ရှေ့မှနေ၍ ဆူပုတ်ပုတ်နှင့် ခြိမ်းခြောက်နေသည့်  ကလေးဆိုးကြီးကြောင့် နောက်မှ ရှောင်းပေါက်စဝယ်သမျှအား ငွေထုပ်ကိုင်၍ လိုက်ရှင်းနေရသည့် ကြင်ယာတော်ဝမ်မှာ ခေါင်းတခါခါ။

"ဆုတောင်းစာရေးလေ.. လာခိုးမကြည့်နဲ့နော်"

ဝယ်လိုက်သည့် မီးပုံးပျံလေးအား ယူလာပြီးသည်နှင့်
ညစျေးတန်း ခပ်လှမ်းလှမ်းသို့ သူ့အားဆွဲခေါ်လာသည့် ရှောင်းပေါက်စမှာ သူ့အားလည်း မီးပုံးပျံလေး၏ တခြားတစ်ဖက်၌ မတ်တပ်ရပ်နေစေသည်။ နှစ်ယောက်သား မီးပုံးပျံလေး၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူလို့ ဖြစ်ချင်သည့်ဆန္ဒများအား ချရေးလို့
ဆုတောင်းရင်းမှ မီးပုံးပျံလေးအား လွှတ်တင်ခဲ့ကြသည်။

"အဖြူကောင်..
ငါအခုထိ မင်းနာမည်ကို မသိရသေးသလိုပဲ"

ပွဲဈေးတန်းကို အတူပတ်နေရာကနေ ရုတ်တရက်ဆိုသလို ကြောင်အမ်းအမ်းနဲ့ ရှောင်းပေါက်စကို သူ လှည့်ကြည့်မိလိုက်သည်။ ရှောင်းပေါက်စမှာ သူ့အားကြည့်မနေပေ။ ညမီးရောင်နှင့်အတူ အနည်းငယ် ရဲနေဟန်ပေါ်သည့် ရှောင်းပေါက်စ မျက်နှာလေးမှာ သူတို့ရှေ့မှ ရုပ်သေးပြဇာတ်လေးအား ဂနာမငြိမ်သည့် မျက်ဝန်းများနှင့် ငေးနေလေသည်။

သူပြောပြလိုက်သင့်လား..။ သူရှောင်းပေါက်စနှင့် အတူရှိလာသည်မှာ တစ်နှစ်,နှစ်နှစ်မှ မကပါပဲ။

" အင်း..

ရှောင်းပေါက်စက သိချင်လို့လား "

လေးပင်နေသည့် သက်ပြင်းဖျော့ဖျော့အား အသာချရင်း လေးကန်နေတဲ့လေသံနှင့် သူဟာ ထိုစကားကို ဆိုလေသည်။

" မင်း.. မင်းလည်း ဆန္ဒရှိရင်ပေါ့ "

" ငါ.."

" မင်း ပြောချင်မှပါ.. ကျွန်တော်ကြားတာ မင်းတို့မျိုးနွယ်က နာမည်ကို လူတိုင်းပေးသိခွင့် မရှိဘူးလို့ကြားတယ် "

" ပြောဖို့ ခက်ခဲနေရင် ကျွန်တော်မတောင်းဆိုပါဘူး"

ညလေအေးက မျက်နှာတစ်လျှောက် ဝေ့ဝဲလို့တိုက်ခတ်သွားသည်။ အဖြေရှာရခက်သည့် မျက်ဝန်းများနှင့် ဖြတ်ခနဲ့ရှောင်းပေါက်စအား လှမ်းကြည့်တော့
ရှောင်းပေါက်စမှာ ရေသေလို တည်ငြိမ်နေသည့် မျက်ဝန်းများနှင့် ရှေ့မှ ရုပ်သေးရုပ်ပြဇာတ်ကိုသာ မျက်နှာသေနှင့် ကြည့်နေလေသည်။

Oh! My Dear Emperor [ Complete ]Where stories live. Discover now