{ unicode }
" အဟွတ်.."
ချောင်းဆိုးသံ သိမ်သိမ်လေးတစ်ခုမှာ အပ်ကျသံပင် မကြားရလောက်သည်ထိ တိတ်ဆိတ်နေသည့် ထိုအခန်းလေးအတွင်းရှိ လူများအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
" အမ်း.. အဟင်း.. မင်းတို့ အဝေးကြီးက လာကြတာပဲ၊ ဗိုက်ဆာ ကြပြီလား.."
ရှန်မင်ထင်မှာ ပြောသာပြောနေရပါသည်။ အောက်ခင်းကြမ်းပြင်ထဲ ခေါင်းကြီးနစ်ဝင်သွားတော့မတက် ငုံ့တထက်ငုံ့ပြီးနေနေသည့် ကြင်ယာတော်ဝမ် နှင့် ဘေးမှနေ၍ ကြင်ယာတော်ဝမ်အား ဝါးစားတော့မတတ် မျက်တောင်ပင် မခတ်စတမ်း ကြည့်နေသည့် ရှောင်းအရှင်ကြောင့် အသက်လေးတစ်ချက်သာ ရှူချရင်း..။
" အဟား.. ဟုတ်တာပေါ့ ၊ဟုတ်တာပေါ့ ၊ စားကြတာပေါ့နော့် "
ရှန်မင်ထင် မေးသော်လည်း ဖြေဆိုသူမရှိ ထပ်၍ တိတ်ဆိတ်နေကြသည့်အခါ ယမ်ဘက်မှ လှုပ်လှုပ်ရှားရှား စကားပြန်စလို့ ထရတော့သည်။
" ကိုကို ၊ အကိုရှန် "
မျက်လုံးဖြင့်သာ စကားပြော၍ ထိုအခန်းတွင်းမှ မင်ရန်နှင့် ရှန်မင်ထင်အား ယမ်က ထွက်သွားစေသည်။
ယမ့်သည် ကံယကာရှင်နှစ်ဦးအား သက်သက်ခွဲထား၍ သူတို့အချင်းချင်းသာ ဖြေရှင်းစေချင်သည်။ ကြားသုံးကြား မဝင်ကောင်း ဆိုသည့်အတိုင်း ထိုလို ကိစ္စမျိုးဆိုလျှင် အပြင်လူဝင်ပါသည်ထက် သူတို့အချင်းချင်းသာ ဖြေရှင်းကြသည်မှာ အကောင်းဆုံး မဟုတ်ပါလား။" ဟေး .. ဟိုက အသေးလေး ၊ အမတို့ ထမင်းသွားစား ကြရအောင်လေနော့် "
လူကြီး ငါးဦးကြားထဲ မျက်လုံးလေး ကလယ်ကလယ်နှင့် ဟိုဘက်ကပ်ရမလို ဒီဘက်ပဲ သွားကပ်ရမလို ဖြစ်နေရှာသည့် ကလေးငယ်အား လက်လေးမှ အသာလေးဆွဲ၍ ခေါ်ယူမိလိုက်သည်။ အမှန်တကယ်ပင် ရှောင်းနှင့်ဝမ်၏ သားလေးလို့ပင် ပြောစရာမလို ချစ်စရာကောင်းလွန်းသည် ထက်ပို၍ ယမ့်မှာ တွေ့တွေ့ချင်းပင် သံယောဇဉ် တွယ်မိသည်ထိ။
" ယမ်.. သားသားကိုက ကိုယ်ပဲကျွေး"
" ဒီအဆောင်လိုက်ကြီး ဂျွမ်းထိုးမှောက်ခုံဖြစ်မသွားခင် အဲ့မှာပဲ ထိုင်နေလိုက်ပါ ဝမ်းရာ "