{ unicode }
လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ခန့် ။
ရှောင်းပြည်အတွင်းရှိ စစ်သုံ့ပန်းများ သယ်ယူပို့ဆောင်စဉ်ကာလ.." မင်းသားငယ် .. မင်းသားငယ် "
စစ်ဘေးဒုက္ခသည်များ ယာယီနားခိုရာစခန်းမှ တဲအိမ်အတွင်းရှိ ဆေးကုသရေးနှင့် ပတ်သတ်သည်များကို စီစဉ်ပေးနေသည့် ခေါင်းဆောင် မင်းသားငယ်လေးအား ဒုခေါင်းဆောင်မှာ အပြေးအလွှား လာခေါ်ရှာလေသည်။
" ဘာကိစ္စတွေ ဖြစ်လို့လဲ "
" မင်းသားငယ် အပြင်မှာ မင်းသားငယ်ကို တွေ့ချင်တဲ့ လူတစ်ယောက်ရှိလို့ပါ "
" ဘယ်သူလဲ "
" ဒီက အဖိုးကြီးပါ "
တည်ငြိမ်သည့် ရုပ်ရည်သွင်ပြင်နှင့် ထိုသူမှာ အရွယ်တင်သည်။ ကြက်သွေးရောင်နှင့် အနက်ရောင်စပ်သည့် ဖဲသားချည်ထည်အား သပ်ရပ်ကျော့ရှင်းစွာ ဝတ်ဆင်ထားသည့် ထိုသူမှာ တော်ရုံအဆင့်အတန်းနှင့် လူမဟုတ်မှန်း အရှိန်အဝါနှင့်တင် သိသာစေသည်။
" ဒီက အကိုတော်က "
" လွန်ခဲ့တဲ့ ဆယ်နှစ်က ရှောင်လင်ကျောင်းရှေ့က "
" အာ.. အမှတ်ရပြီ ၊ ထိုင်ပါဦး အကိုတော် "
ခြေလှမ်းကြွလိုက်တိုင်း လှုပ်ခတ်သွားလေ့ရှိသည့် အဖြူရောင် ချည်စအပါးလေးနှင့် ဘေးအနီး တစ်ဝိုက်ဝေ့ဝဲ သွားလေ့ရှိသည့် မက်မွန်သင်းရနံ့လေး။
နူးညံ့သိမ်မွေ့သည့် အသွင်အပြင်နှင့် အဆင့်အတန်းရှိခြင်း သူသေချာပေါက် လူကဲခတ်မမှားခဲ့ပေ။" မတွေ့တာတောင် ကြာသွားပြီပဲ၊ မင်းသားငယ် ..
ဒီနှစ်တွေအတွင်း ဟွား (Huā) ရွာလေးရော အဆင်ပြေပြေ ရှိပါသေးရဲ့လား ""ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာမှာတော့ သူတို့ဟာနဲ့ သူတို့ အဆင်ပြေနေပါတယ်.. "
လှပသည့် ကြွေခွက်လေးထဲ ရေနွေးထည့်နေသည့် လက်ချောင်းနုနုများမှာ တခဏတာလေး ငြိမ်သက်သွားသော်လည်း ပုံမှန်လည်ပတ်ပုံလိုပါပဲ တစ်ခဏအတွင်းမှာပဲ အေးအေးလူလူ စကားပြန်သည်။
ရှောင်မင်ဟန် သူ၏ရှေ့မှ လူငယ်လေးအား မျက်ခုံးပင့်၍ ကြည့်မိသည်။ ထိုလို သတ္တိကောင်းလှသည့် လူငယ်လေးအား သူလူကဲခတ်မမှားမှန်း သိသည့်အခါ အသာလေးကြိတ်ပြုံးရသည်။