[01]

3K 342 10
                                    

{ zawgyi }

" ရှောင်းကလေးဆိုး"

နောက်တစ်နေ့မနက်မှာ မကျေမချမ်းနဲ့ အုတ်တံတိုင်းကျော်နေတဲ့ ရှောင်းပေါက်စဟာ ကြင်ယာတော်ဝမ်ရဲ့ အသံကြားတော့ ကိုယ်သေးသေးလေးက တုံ့ခနဲ့။ လှည့်ကြည့်လာတဲ့ အကြည့်တွေထဲ ဒေါသတစ်ချို့က သေချာပေါက်ကပ်ပါလာလို့.. နှုတ်ခမ်းသေးသေးက ဆူထော်နေသေးသည်။

"မင်းအောက်မှာ လှေကားမရှိတော့ဘူးနော်"

လက်တစ်ဖက်က သေရည်ထည့်ထားတဲ့ကြွေအိုး ဖြူဖြူလေးကိုကိုင်ထားပြီး မက်မွန်ပင်ပေါ် တက်အိပ်နေရာကနေ မျက်လုံးမဖွင့်ပဲပြောလာတဲ့ ကြင်ယာတော်ဝမ်ရဲ့အပြောကြောင့်
ခြေတံတိုတိုလေးတွေနဲ့ အုတ်တံတိုင်းခွထိုင်နေတဲ့ ရှောင်းပေါက်စ၏ မျက်နှာမှာ ချက်ချင်းဆိုသလို သွေးဆုတ်ဖြူလျော်သွားတော့သည်။

"အဖြူကောင်! မင်း! မင်းလုပ်တာမလား"

အောက်ကမြေပေါ်လဲကျနေတဲ့ ဝါးဆစ်လှေကားကို ငိုမဲ့မဲ့နဲ့ကြည့်နေရာကနေ ခဏကြာတော့ ရှောင်းပေါက်စက မျက်ရည်စက်လက်နဲ့ သူ့ကိုအော်တော့သည်။

"​ဝေး.. ရှောင်းပေါက်စ"

". ."

"မင်းဟာလေ.. ငါ့အဆောင်လည်း ခိုးဝင်လာသေးတယ်၊
ငါ့လည်း အပြစ်တင်သေးတယ်"

အပင်ပေါ်မှ မျက်လုံးပင်ဖွင့်မလာပါဘဲ ကြင်ယာတော်ဝမ်က ထိုသို့ပြောတာ့ အုတ်တံတိုင်းပေါ် ယက်ကန်ယက်ကန်ဖြစ်နေသည့် ရှောင်းပေါက်စမှာ သူ့အားဆူပုတ်ပုတ်ဖြင့် ကြည့်နေတော့သည်။

"လာ မညစ်ပတ်နဲ့ အဖြူကောင်.. မင်း မလုပ်ရင် လှေကားက သူ့ဟာသူ ဘယ်လိုလဲမှာလဲ!"

ကြင်ယာတော်ဝမ်တစ်ယောက်တော့ သူ့အာရုံထဲမြင်နေရသည့် ရှောင်းပေါက်စ ပုံစံကိုကြည့်လို့ အော်ရယ်ပစ်ချင်နေစိတ်ကို မနဲထိန်းနေရလေသည်။

"အဲ့လိုရကြေးလား.. ဒါဆို ငါကလည်း ငါ့အဆောင်ခိုးဝင်မှုနဲ့ ပြစ်မှုတိုးအောင် မင်းကြီးကို တိုင်လိုက်ရမလား"

ကြင်ယာတော်ဝမ်က လဲအိပ်နေရာမှ ထထိုင်လို့ ရှောင်းပေါက်စကို ကြည့်ရင်းပြောသည်။ ရှောင်းပေါက်စမှာ ကွက်ခနဲ့ တစ်ချက်မျက်နှာပျက်သွားသော်လည်း အကြောတင်းလေးပီပီ ချက်ချင်းကို ရန်ပြန်ထောင်တယ်။

Oh! My Dear Emperor [ Complete ]Where stories live. Discover now