{ unicode }
ဒေါက်!
အ!
အသံနှစ်ခုမှာ တစ်ပြိုင်တည်းထွက်လာ၏။ အခေါက်ခံလိုက်ရသော ခေါင်းလေးအားဖိပွတ်ရင်း ကျောက်ပြားပေါ်မှ ကောင်လေးဟာ ငိုမဲ့မဲ့။ ဘေးဘက် သစ်ပင်ပေါ်မှ ကြင်ယာတော်ဝမ်မှာတော့ ကျောက်ပြားပေါ်မှ ဆူပုတ်နေသည့် ကောင်လေးအား မျက်လုံးလေးတစ်ဖက်ဖွင့်လို့ ခိုးကြည့်သည်။
" မရေးချင်တော့ဘူးလို့ "
" နောက်တစ်ခါ အခေါက်ခံချင်တာလား ရှောင်းပေါက်စ"
လက်လေးနဲ့ရွယ်လို့ ထပ်ခေါက်မယ်ပြင်တော့လည်း သူ့ခေါင်းသူ လက်နှစ်ဖက်လေးနဲ့ အတင်းကာလို့ မျက်လုံးလေးတွေမှိတ်ထားလေရဲ့။ သက်ပြင်းကို တိုးသက်သက်လေး သူချလိုက်မိသည်။ ဒီအရွယ်ထိရှိနေသည့် ကလေးငယ်မှာ စာတစ်လုံးမှ မတတ်သေးသည်ဆိုတော့ သူ၏မိဘနှစ်ပါးမှာ သူ့အား မည်မျှအလို လိုက်ထားကြောင်း ပြေးကြည့်စရာပင်မလို။
" ရှောင်းပေါက်စ.. မင်းအသက်က ဘယ်နှနှစ်လဲ!"
" ဟင့်.. ဆယ့်တစ် နှစ်"
" အင်း.. ဒီအသက်အရွယ်ထိရောက်နေပြီ ၊ အခုထိ စာကိုမရေးနိုင် မဖတ်နိုင်နဲ့ မင်းမရှက်ဘူးလား"
". . "
" နောက်ကိုကျ ရှောင်းပေါက်စက ဒါလေးတောင်မရေးတတ်ဘူးလား ဘာလားနဲ့ ၊ ကိုယ့်ထက်ငယ်တဲ့ကလေးတွေကြားမှာရော လူကြီးတွေကြားမှာရော ရှောင်းပေါက်စကို လှောင်ကြရင် ဘယ်လိုလုပ်မလဲ "
" ဟမ်း.. မရှက်ပါဘူး၊ ဘာလို့ရှက်ရမှာလဲ ! ပြီးတော့ ငါမင်းသားကို ဘယ်သူက ပြက်ရယ်ပြုရဲလဲ"
လက်ကိုပိုက်ရင်း ခေါင်းကိုမော့လို့ မထီမဲ့မြင်ပုံစံနဲ့ သူ့ရှေ့မှကောင်လေးကို ရိပေါ်ခေါင်းတွေချည်းဆင့်ပြီး တီးပစ်ချင်တဲ့စိတ်ကို မနဲထိန်းချုပ်လိုက်ရသည်။ ထိုလိုဖြစ်ရသည်က ရှောင်းပေါက်စ အပြစ်တစ်ခုတည်း မဟုတ်သည်ကို။ ကလေးငယ်ကိုချည်း အပြစ်တင်လို့တော့မရ။ မင်းကြီးနှင့်မိဖုရားကြီးမှာလည်း အဘယ်အချိန်ထိ ထိုကလေးငယ်လေးအား ပျက်စီးစေဦးမည်နည်း။
"ဒီကလေး ငါရိုက်လိုက်ရ!
အကြီးကို ဘယ်လိုစကားပြောရမလဲ သင်ပေးထားတာ နားမထောင်ပြန်ဘူးလား "