တစ်စုံတစ်​ယောက်ဆီက အချစ်ကိုစတင်ရရှိတဲ့​နေ့

3.5K 87 13
                                    

ကြည်လင်တောက်ပနေတဲ့ မနက်ခင်းမှာ
သီချင်းလေး တအေးအေး ငြီးရင်း

စက်ဘီးအပြာလေးစီးပြီး. uni ကို သွားနေတဲ့ ကောင်လေးတစ်ယောက် ရှိတယ်

သူလေးက အသက်20သာရှိသေးတဲ့ တက္ကသိုလ် ကျောင်းသားတစ်ယောက်

စာလည်းအရမ်းတော်သလို တစ်ယောက်တည်းဆို အေးဆေးပြီး တည်တည်ငြိမ်ငြိမ်နေတတ်တယ်

ဒါပေမယ့် မဟုတ်မခံစိတ်ဓါတ်လေးရှိတယ် သူ့ကိုရန်လာစရင်တော့ ငြိမ်မခံတတ်တဲ့ စွာတေးလန်လေးတစ်ယောက်ပေါ့

မိသားစုတွေကချင်းမိုင်မှာရှိပေမဲ့ သူကတော့ ဘန်ကောက်မှာ ကျောင်းတက်နေရတာကြောင့်

ဘန်ကောက်က ကွန်ဒိုမှာဘဲတစ်ယောက်ထဲနေတယ်မိသားစုကအသင့်အတင့်တော့ ချမ်းသာတယ်

သူလေးရဲ့ nameလေးက gulf💓💓💓တဲ့

သူ့ရဲ့ ပုံစံ​လေးကို ပြောပြရမယ်ဆိုရင်

ကော့ညွှတ်​တဲ့ မျက်​တောင်ရှည်​လေးတွေနဲ့ဖုံးလွှမ်းထားတဲ့​အောက်မှာ လှပပြီး အရမ်း​
တောက်ပတဲ့ မျက်ဝန်း​လေး တစ်စုံကို ပိုင်ဆိုင်ထားတယ်

နှုတ်ခမ်း​လေးကလည်း နှင်းဆီဖူး​လေးလိုပဲ ဖူးဖူးပြည့်ပြည့်​လေး အိအိတုံတုံ​လေးနဲ့ နူးညံ့လွန်းတယ်

နှုတ်ခမ်းသား​လေး​တွေကို. အ​ရောင်​တွေမဆိုးထားဘဲနဲ့တောင် အမြဲတမ်းပန်းဆီ​ရောင်သန်းပြီးနီမြန်း​နေတယ်​လေ

ဒါ့အအပြင် သူ့မှာ အရမ်းချစ်စရာ​ကောင်းလွန်းတဲ့သွားစွယ်​လေး​တွေလည်းရှိတယ်

သူပျော်​နေတဲ့အခါ ပြုံးလိုက်တိုင်းမှာ သွားစွယ်​လေးတွေပါ​ပေါ်​အောင်ပြုံးပြ​လေ့ရှိတယ် သူ့အပြုံး​လေး​တွေကဖြူစင်ပြီး အဲ့အပြုံး ကိုမြင်လိုက်ရသူရဲ့ ရင်ထဲကို အေးချမ်းသွား​စေတယ်

အသားအ​ရေဆိုတာလည်း ဝါဂွမ်း​လေးလိုလဲ ဖြူဖြူ ဖွေး​ဖွေး​လေး
နှာတံ​လေးကလည်း ဖြောင့်စင်း​နေသလိုအရပ်က6​ပေ​ကျော် ရှိတာ မို့လို့

နှုတ်ခမ်းနီမ​လေး​တွေ စွဲမက် ချင်စရာ cutie boyfriend typeမျိုး​လေး​ ဖြစ်​နေတာ​ပေါ့

Secret Love Behind The Smile Where stories live. Discover now