အပြုံး​လေးတစ်ပွင့်က​နေစတင်ခဲ့တဲ့လှပတဲ့ဇာတ်သိမ်း​လေး

741 26 4
                                    

gulf လေးရဲ့ mom နဲ့ dad အပြင်ထွက်သွားပြီးနောက်

gulf*** ကိုကို လာ ကလေးတို့ ခြံထဲဆင်းကြရအောင်လေ ခြံထဲက အပင်အောက်က အပြာရောင် ဒန်းလေးမှာသွားထိုင်ပြီး စကားပြောကြမယ်လေ

mew*** အင်း ကလေး

ခြံထဲက အပြာရောင် ဒန်းလေးဆီ အရောက်.....

gulf***ကိုကို........

mew***ပြောလေ ကလေး

gulf*** ကိုကို ဘာတွေ တွေးနေတာလဲ

mew***အင်း ခုနက ကလေး ရဲ့မေမေ ပြောပြတဲ့ ကိုကိုနဲ့ ကလေး ရဲ့ ငယ်ငယ်က အကြောင်းတွေ တွေးနေတာပါ

gulf*** သြော်......

mew***ကိုယ် တကယ်မထင်ထားဘူး

ကိုယ်နဲ့ ကလေး က အရင်ကထဲ ကဆုံခဲ့ဖူးလိမ့်မယ်လို့

တကယ်တော့ ကိုယ် တစ်ချို့ အဖြစ်အပျက် တွေ မှတ်မိပေမဲ့ အချိန်တွေအရမ်းကြာနေတော့ သေချာမသဲမကွဲ ဖြစ်နေတာ

အခု ကလေး ရဲ့ မေမေက အရင်က အကြောင်း တွေ သေချာရှင်းပြပြီး ပြန်ပြောပြတော့မှ ကိုယ် ပြန်မှတ်မိတာ

ပြီးတော့ ကိုယ့်မှာ အခုချိန်ထိ အဲ့ smile ပုံလော့ကတ်လေး ပါတဲ့ ဆွဲကြိုးလေး အခုထိ သိမ်းထားတုန်းပဲ ကလေးရဲ့

ဒါပေမဲ့ အဲ့တုန်းက အဲ့ ဆွဲ ကြိုးလေးပေးခဲ့တဲ့ ကလေးလေးက

အခု ကိုယ့်ရဲ့ချစ်ရသူလေး ဖြစ်နေလိမ့်လို့ ကိုယ်တကယ် မထင်ထားဘူးလေ

gulf***ဟုတ်တယ်နော် ကိုကို
ကလေး လဲ မထင်ထားဘူး

အဲ့တုန်းက ကလေး အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့သူ
ကလေး အချိန်တိုင်း အမြဲသတိရနေတဲ့သူ

ကလေး နဲ့ နောက်တစ်ကြိမ် ပြန်ဆုံဖို့မဖြစ်နိုင်လောက်တော့ဘူးထင်ခဲ့တဲ့ သူလေးက
အခု ကိုကို ဖြစ်နေတယ်တဲ့လား

ကိုကို နဲ့ ကလေးရဲ့ ကံကြမ္မာက ထူးခြားဆန်းကြယ်လိုက်တာနော် ကိုကို

အကြောင်းအမျိုးမျိုးနဲ့ အကြိမ်ကြိမ် ဝေးကွာသွားကြပြီး မှ အခုလို အတူ ချစ်ခွင့်ရကြတာ

Secret Love Behind The Smile Wo Geschichten leben. Entdecke jetzt