ငယ်ဘဝတည်းကကိုယ့်ရဲ့အပြုံးပိုင်ရှင်​လေး☺☺

347 18 0
                                    

mew နဲ့ gulf လေးတို့ နှစ်ယောက် အဲ့နေကြာပန်းခင်းကြီးထဲမှာ အချိန်အတော်ကြာအတူရှိနေခဲ့ကြတယ်

နေကြာပန်းခင်းကြီးနဲ့အတူ လှပတဲ့ အမှတ်တရ ပုံရိပ်လေးတွေဖန်တီးပြီး သူတို့ နှစ်ယောက်ရဲ့ အမှတ်တရ photo album လေးထဲထပ်မံဖြည့်စွက်ခဲ့ကြတယ်

ဖြာကျနေတဲ့ နေရောင်ခြည်အောက်မှာ gulf လေးရဲ့ လက်သူကြွယ်လေးထက်က လက်စွပ်လေးကအရောင်တလက်လက် တောက်ပနေတာ အရမ်းကိုလှပလွန်းတယ်

mew***ကလေးလေး ကိုယ်တို့ ပြန်ကြတော့မလား ကိုယ်တို့ ကလေးရဲ့ မိဘတွေ ဆီ ဆက်သွားရအုံးမယ်လေ

gulf***😁😁😁ဟုတ်သားပဲကိုကို
ကလေးအပျော်လွန်ပြီးမေ့နေတာ

ကိုကို ပြောမှသတိရတယ်

mew***ဖြစ်ရမယ် ကိုယ့်ကလေးကတော့
( gulf လေးရဲ့ ခေါင်းလေးကိုဖွဖွလေးပုတ်လျှက်)

mew***အဲ့ဒါဆို ကိုယ်တို့ သွားကြတော့မလား

gulf***ဟုတ်ကိုကို သွားကြမယ်လေ

mew***အင်း

အဲ့လိုနဲ့ပဲ gulf လေးနဲ့ mew နှစ်ယောက်သား ကားပေါ်မှာ မုန့်လေးစားရင်းစကားတွေပြောရင်းနဲ့ ကားမောင်းလာလိုက်တာ

မနက် ၉ နာရီလောက်ကျ ချင်းမိုင်မှာ ရှိတဲ့ gulf လေးရဲ့မိဘတွေအိမ်ကို ရောက်လာခဲ့ပြီ

gulf*** ကိုကို ကလေးတို့ အိမ်ကိုရောက်ပြီ

mew ကားပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ခြံစည်းရိုးအဖြူရောင်လေးခတ်ထားပြီး မြက်ခင်းလေးတွေအပင်လေးတွေ ရောင်စုံပန်းလေးတွေနဲ့

လှပနေတဲ့ ခြံဝန်းကျယ်လေးထဲမှာရှိနေတဲ့ မိုးပြာရောင်နဲ့ အဖြူရောင် ဆေးစပ်သုတ်ထားတဲ့ ဝရံတာလေးလည်းပါတဲ့ ၃ ထပ်တိုက်လေး ခြံဝန်းထဲမှာ ချစ်စရာကောင်းတဲ့ အပြာရောင်ဒန်းလေးလည်းရှိသေးတယ်

mew***ကလေး တို့ အိမ်လေးက ချစ်စရာလေးနော် အေးအေးချမ်းချမ်းရှိမယ့်နေရာမျိုးလေး

gulf***ဟုတ်တယ်ကိုကိုရဲ့
ခြံထဲမှာဆို လေကောင်းလေသန့်အရမ်းရတယ် ကိုကို

ပြီးတော့ ကလေးရဲ့မိဘ တွေက စိတ်ထားကောင်းပြီးသဘောကောင်းကြပါတယ်ကိုကိုရဲ့

Secret Love Behind The Smile Dove le storie prendono vita. Scoprilo ora