ကိုယ့်ကို ကိုကို လို့​ခေါ်လိုက်တာလား Baby

473 28 19
                                    

Lavender လေးအရမ်းချစ်ပြီး အရမ်းတန်ဖိုးထားရတဲ့ lavender လေးရဲ့ ချစ်သဲငယ် နေကြာပန်း​လေး​တွေအတွက် ဒီ​နေ့လည်း lavenderမအားတဲ့ကြားကကြိုးစား​​ရေးပြီးအပ်​ပေးလိုက်ပြီ​နော်

mew***အင်း ကိုယ့်မျက်နှာဖုံး က​လေးကို ချွတ်ပြမှာ​ပေါ့ ဒါ​ပေမဲ့ က​လေးကိုယ်တိုင် ကိုယ့် မျက်နှာဖုံး​​လေး ချွတ်​ပေးပါလား

gulf***အင်း ကျွန်​တော်ချွတ်ကြည့်မယ်​နော်

gulf လေး လဲ တစ်ဖြည်းဖြည်းချင်း မျက်နှာဖုံး​လေးကို ချွတ်လိုက်​တော့ မြင်လိုက်ရတဲ့ mewမျက်နှာ​​လေးကိုကြည့်ပြီး

( 😍😍😍mewရဲ့ ချော​မောခန့်ညား​မှုတွေကို မျက်နှာဖုံး​လေးကို ခွာချလိုက်​တော့ ကြည်လင်ဝင်းပပြီး

ချော​မောခန့်ညားလွန်းလှတဲ့  mew ရဲ့ မျက်နုနု​ဖတ်ဖတ် လေး တောက်ပပြီးဆွဲ​ဆောင်မှုရှိတဲ့ မျက်ဝန်း​လေး​တွေ

ဖြောင့်စင်း​နေတဲ့ နှာတံသွယ်​လေးရယ် ပိရ​သေသပ်လွန်းလှတဲ့ နှုတ်ခမ်းပါး​လေးရယ် ထင်ထင်ရှားရှား ပေါ်ထွက်လာပြီ​ပေါ့😍😍😍)

gulf***ဟာ ခင်ဗျား​လေး.......ခင်.....ဗျား​လေး......က😳😳😳😳

mew***က​လေး ...က​လေး ဘာဖြစ်တာလဲ
ဘာဖြစ်တာလဲဟင်

gulf***ခင်ဗျား​လေးက  လွန်ခဲ့တဲ့ ၄ နှစ် ကျော်က ကျွန်​တော် တစ်​နေ့ပြန်ဆုံ​တွေ့ချင်တယ်လို့ ပြောခဲ့တဲ့သူပဲ

ခုနကကျွန်​တော်ပြောပြခဲ့တဲ့ အ​ကြောင်းအရာ​တွေထဲက ကျွန်​တော် ထီး​လေးနဲ့ပန်းစည်း​လေး​ပေးခဲ့တဲ့ လူက ခင်ဗျား​လေးပဲ

mew****ဘယ်လို တကယ်လား က​လေး
အာ့ဆို က​လေးက........ကိုယ်မိဘ​တွေဆုံးသွားလို့ ကိုယ်ဝမ်းနည်း​နေတဲ့အချိန် ကိုယ်မိဘ​တွေနဲ့အတူသွားခဲ့ဖူးတဲ့

ပိတ်ထားတဲ့စား​သောက်ဆိုင်​လေးရှေ့မှာ မိုး​တွေသည်းကြီးမဲကြီးရွာ​နေတာ​တောင် ကိုယ် တစ်​ယောက်တည်းထိုင်ငို​နေတုန်း ကိုယ့်ကို  ထီး​လေးတစ်​ချောင်းရယ် ပန်းစည်း​လေးတစ်ခုရယ်

ပြီး​တော့ စာ​လေးတစ်စောင်ရယ် လာ​ပေးသွားခဲ့ဖူးတဲ့ ကောင်​လေးက မင်း​လေးတဲ့လား

Secret Love Behind The Smile Where stories live. Discover now