မင်း​လေးအ​​​ပေါ် ဘာအန္တရာယ်မှ မကျ​ရောက်​စေရဘူး

510 27 0
                                    

gulfလေး တစ်ယောက် ရောက်သွားတော့ သူတန်ဖိုးထားတဲ့ ထီးလေး ပျောက်သွားမှာ

စိုးလို့ အပြင်မှာ မထားခဲ့ဘဲ စာကြည့်တိုက်က အစောင့် ဦးလေးကြီး ကို အကူအညီတောင်းပြီး ထီးလေးအပ်ခဲ့တယ်

ပြီးမှ စာကြည့်တိုက်ထဲ ဝင်သွားခဲ့တာ
ဒါပေမဲ့ အချိန်ကနောက်ကျနေတာမို့လို့

စာကြည့်တိုက်မှာ ထိုင်မဖတ်တော့ဘဲ လိုအပ်တဲ့စာအုပ်တွေပဲငှားလာလိုက်တယ်လေ

ပြီးတာနဲ့ gulf လေးက အစောင့်ဦးလေးကြီးဆီ အပ်ထားတဲ့ သူ့ထီးလေးကို ပြန်ယူလာပြီး

bus စီးပြီး အိမ်ပြန်လာခဲ့တယ်
bus stop ကနေ သူ့ကွန်ဒိုကို လမ်းလျှောက်ပြန်လာတော့

မိုးနည်းနည်း ချုပ်နေပြီလေ 6နာရီခွဲလောက်ပေါ့ ဒီလိုလမ်းမှာ
မူးနေတဲ့သူစိမ်း 5ယောက်နဲ့တွေ့တယ်လေ

သူတို့ထဲက2ယောက်က gulf လေးကို တမင်လာဝင်တိုက်ပြီးတော့
ပြသာနာရှာပါလေရော

Strangers(St)***မင်းဘာလို့ ငါတို့ကို  လာဝင်တိုက်တာလဲ လူလာနေတာ မင်းမမြင်ဘူးလား

gulf***ကျွန်တော်က မမြင်တာမဟုတ်ဘူး ကိုယ့်ဘာသာမူးနေပြီးမမြင်တာကခင်ဗျားတို့ လေ

ပြီးတော့ကျွန်တော်အရင်စဝင်တိုက်တာမှမဟုတ်ဘဲ  ခင်ဗျားတို့က အရင်လာဝင်တိုက်တာလေ

ကျွန်တော် ခင်ဗျားတို့ကို မသိဘူး ခင်ဗျားတို့ မူးနေရင်လည်းကိုယ့်လမ်းကိုယ်သွားပါဗျာ

St***ဘာ မင်း ဘာပြောလိုက်တယ်
ငါတို့ မသွားတော့ရော မင်းကဘာဖြစ်ချင်လို့လဲ

ငါတို့ကိုအခုချက်ချင်းပြန်တောင်းပန်လိုက်
နော်

gulf***ကျွန်တော်မှမမှားတာ ဘာလို့တောင်းပန်ရမှာလဲမတောင်းပန်နိုင်ဘူးဗျာ

St***ဇ လေးကမသေးဘူးဘဲ
ကြည့်ရတာ နည်းနည်း lesson ပေးမှ ဖြစ်တော့မယ် နဲ့တူတယ်
ဟေ့ကောင်တွေ သူ့ကို ချုပ်ထားလိုက်စမ်း

သူတို့ထဲက ခေါင်းဆောင်လို့ ထင်ရတဲ့ တစ်ယောက်က gulf လေးကို ထိုးဖို့ရွယ်လိုက်တုန်း

gulfလေးမျက်စိမှိတ်ထားလိုက်ပြီး သူထင်လိုက်တာသူတော့ဒီလူရဲ့လက်သီးစာမိပြီပေါ့

Secret Love Behind The Smile Where stories live. Discover now