ကိုယ့်ကိုမင်း​လေးရဲ့ထီး​လေးတစ်​ချောင်းဖြစ်ခွင့်ပေးပါ

551 32 2
                                    

gulfလေးတစ်ယောက်ဒီမနက်အတန်းက
စောစောတက်ရမှာမို့လို့အမြန်ပြင်ဆင်ပြီး

အောက်ဆင်းတော့သူစီးနေကျစက်ဘီးကပျက်သွားတယ်လေ

gulf***ဟာ သွားပါပြီ အတန်းချိန်နီးနေပါတယ်ဆိုမှ စက်ဘီးကပါ ထပ်ပျက်ရတယ်လို့

တော်ပြီး bus နဲ့ဘဲသွားတော့မယ်

ဒီလိုနဲ့ပဲgulfလေးတစ်ယောက် bus stopကိုအမြန်ပြေးပြီး ကားစောင့်ရတော့တာပေါ့

gulfလေး bus stopမှာ ကားရပ်စောင့်နေတုန်း

သူ့ရဲ့ မျက်နှာချင်းဆိုင် bus stopမှာ all black ဝတ်ထားပြီး mask အမဲပါတပ်ထားတဲ့

ကောင်လေးတစ်ယောက်က သူ့ကို တစ်ချိန်လုံး ဓာတ်ပုံတွေ ခိုးရိုက်ထားတာကိုတော့ gulfလေးမသိလိုက်ဘူးပေါ့

bus လာလို့ gulfလေးကားပေါ်တက်သွားပြီး

ထိုင်ခုံမှာထိုင်တုန်းပြတင်းပေါက်ကနေအပြင်ကို လှမ်းကြည့်လိုက်တော့

gulfလေးစီးလာတဲ့ busကားဘေးနားမှာ လာရပ်နေတဲ့ busကားရဲ့ မှန်တွေမှာရော

ကားကို ဆေးခြယ်ထားတဲ့ ပုံစံမှာရော smile sticker ပုံအကြီးကြီးတွေကပ်ထားပြီး
ပုံရဲ့ဘေးမှာ

ကိုယ်မင်းလေးကို အရမ်းချစ်တယ်နော် ကိုယ့်ကလေးလေးရေ ကိုယ့်ကြောင့် မင်းလေးရဲ့ ဒီမနက်ခင်းလေးမှာ အပြုံးတွေနဲ့လှပစေချင်တယ်
မင်းလေးရဲ့ အရိပ်လေး 😍😍😍

ဆိုတဲ့ စာတန်းလေးပါ ရေးထားသေးတာကို တွေ့လိုက်ရတယ်လေ

သူတွေ့တွေ့ချင်း ဓာတ်ပုံရိုက်ထားလိုက်တယ်
အစကတော့gulfလေးမြင်မြင်ချင်းအံ့သြသွားတယ်

စာတန်းလေးကို မြင်လိုက်တော့မှ သူ့ရဲ့ smile ပိုင်ရှင်လေးက သူ့အတွက် လုပ်ပေးထားတာမှန်း သိလိုက်ရတယ်လေ😮😮😮

gulfလေ သူခုနက ရိုက်ထားတဲ့ပုံလေးကို ကြည့်ပြီး ပြောလိုက်မိတာက

gulf***ခင်ဗျားလေး ပြောထားသလိုပဲ

ကျွန်တော် အခု ခင်ဗျားလေး လုပ်ပေးတဲ့ပုံနဲ့ စာတန်းလေးကို မြင်လိုက်ရတာ

ကျွန်တော် အခုမနက် စိတ်ညစ်နေတာတွေ အားလုံး ဘယ်ရောက်သွားမှန်း မသိဘူး

Secret Love Behind The Smile Where stories live. Discover now