မင်း​လေးသာ​တောင်းဆိုမယ်ဆို အရာအားလုံးကိုယ်ဖြည့်ဆည်း​ပေးနိုင်တယ်

450 27 11
                                    

စာ​လေးထဲမှာ​ရေး​ထားတာက ..............................

😍😍""ကိုယ်အရမ်းမြတ်နိုးရတဲ့ က​လေး​လေး​ရေ
မင်း​လေးအိပ်ရာနိုးလာရင် စားပွဲ​ပေါ်ကဆန်ပြုတ်​လေး​သောက်လိုက်​နော်

အားပြည့်သွား​အောင်လို့ ကိုယ် ကိုယ်တိုင်ပြုတ်​ပေးထားတဲ့ ဆန်ပြုတ်တစ်ခွက်လုံးကုန်​အောင်​သောက်လိုက်ပါ​​နော်

ဆေး​သောက်ဖို့လဲ မ​မေ့ရဘူးနော်

က​လေး က​လေး​လေး ဆေး​သောက်ရတာ​ကြောက်တတ်မှန်းသိလို့ ဆေးထည့်ထားတဲ့ ခွက်လးရဲ့​ဘေးနားမှာ

အချိုသိပ်မပါတဲ့ နို့ခဲဗူး​လေး တစ်ဗူးကိုယ်ထား​ပေးခဲ့တယ်

ဆေးကအရမ်းမခါးပါဘူးက​လေးရယ် သောက်ဖြစ်​အောင်​သောက်လိုက်ပါ​နော်

ပြီးတာနဲ့ နို့ခဲ​လေးစားလိုက်​ က​လေးအဆင်​ပြေသွားလိမ့်မယ်

ဆန်ပြုတ်​ရော​ဆေး​ရော သောက်ပြီးရင် က​လေး​လေး အိပ်​ရေးဝ​အောင် ပြန်အိပ်လိုက်​နော်

ကိုယ့်ရဲ့ ကလေး​လေးက အခုချိန်မှာ အားနည်း​​နေ​သေးတယ်မဟုတ်လား ဂရုစိုက်ပါက​လေးရယ် ကောင်း​သောညပါ

က​လေး​ရေ မင်း​လေးရဲ့အိမ်မက်​လေး​တွေလှပချိုမြိန်ပါ​စေ ကိုယ် မင်း​လေးကို အရမ်းချစ်တယ် """😍😍

gulf လေးတစ်​ယောက် သူ့ကို ဂရုစိုက်ပေးပြီး အလိုက်သိလွန်းတဲ့ mew ရဲ့ လုပ်ပုံကိုင်ပုံ​တွေ ကိုကြည့်ပြီး ရင်ထဲအရမ်းကြည်နူးသွားရတယ်

စိတ်ထဲမှာ​တော့................

ခင်ဗျား​လေးနဲ့ဆုံ​တွေ့ရတာ ကျွန်​တော့်ကို ကျွန်​တော် အရမ်းကံ​ကောင်းတယ်လို့ပဲ ပြောရမလား

ကျွန်​တော့ဘဝမှာ ကျွန်​တော် နေမ​ကောင်းဖြစ်ရင် အခုလို အ​သေးစိတ်ကအစ ဂရုစိုက်​ပေးတဲ့ သူက ခင်ဗျား​လေး က ပထမဆုံးပဲဆိုတာ ခင်ဗျား​လေးသိရဲ့လား

ကျွန်​တော်​လေ ခင်ဗျား​လေးရဲ့ အချစ်​တွေကို အအသိအမှတ်မပြုဘဲမ​နေနိုင်​တော့ဘူး

ပြီး​တော့ အခုဆို ခင်ဗျား​လေး smile sticker လေး ပို့လာမယ့်အချိန်ကို ကျွန်​တော်​မျှော်​နေတတ်ပြီ

Secret Love Behind The Smile Where stories live. Discover now