Zawgyi
92.
ဒီကွန်ပြူတာက Wang Dequan စာလေ့လာတဲ့ပစ္စည်းဖြစ်ပေမယ့်လည်း သူက ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်တွေထားနေတဲ့ပုံမရှိဘဲ ငါ့ကိုအသုံးပြုဖို့ခွင့်ပြုပေးထားခဲ့တာ။
ငါ အမေရိကန် TV showတစ်ခုရဲ့နောက်ဆုံးအပိုင်းကိုကြည့်ပြီးတဲ့နောက် browser ထဲကနေပြန်ထွက်လိုက်တယ်။
အဲဒီနောက်မှာတော့ Screen မျက်နှာပေါ်မှာရှိတဲ့ ဖိုင်တစ်ခုကို " Dr. Wang အတွက်လေ့လာစရာများ" ဆိုပြီးနာမည်တပ်ထားတာကိုမြင်လိုက်ရတယ်။… Huh .. အဲဒီအမျိုးသားက ဘယ်လိုထူးဆန်းတဲ့အရာတွေကိုများလေ့လာနေတာလဲဆိုတာကို ငါသိချင်စိတ်တွေ အတုံးလိုက်အတစ်လိုက်ဖြစ်လာပြီ။
ငါ အဲဒီဖိုင်ကိုဖွင့်လိုက်တော့ txt ဖိုင်တွေကိုအတန်းလိုက်မြင်လိုက်ရတယ်။
93.
“Hey.. hey... Dr. Wang”
ဧည့်ခံပွဲကိုဖိတ်ကြားမယ့် လူတွေရဲ့နာမည်စာရင်းကို စစ်ဆေးနေတဲ့ Wang Dequan က မရေမရာနဲ့မော့ကြည့်လာတယ်။
"ဒါတွေက ဘာတွေလဲဆိုတာရှင်းပြပေးနိုင်မလား "
ငါ သူ့ကိုစိုက်ကြည့်ပြီးမေးခွန်းထုတ်လိုက်တယ်။" Daddy ကျေးဇူးပြုပြီး ငြင်ငြင်သာသာလေးချစ်ပေးပါ ? "
ငါ့ရဲ့စကားကိုကြားတော့ သူ့ရဲ့မျက်နှာပေါ်မှာ သိမ်မွေ့ပေမယ့်စိတ်ရှုတ်ထွေးတဲ့အသွင်သဏ္ဍာန်မျိုးပေါ်လာတယ်။ ငါ ပုံဖော်ကြည့်ရသလောက်ကတော့ သူ့ရဲ့မျက်နှာက မယုံကြည်နိုင်တဲ့ပုံစံကနေ ထိတ်လန့်အံ့သြတဲ့ပုံဖြစ်သွားပြီး နောက်တော့ရှက်ရွံ့သွားတဲ့ပုံပဲ ။ အဲဒီနောက် တစ်စက္ကန့်လောက်အတွင်းမှာ မလုံမလဲဖြစ်နေတဲ့အမူအယာဖြစ်သွားတယ်။
“အဲဒါက…”
သူက ချောင်းတစ်ချက်ဆိုးပြီးမှ ဆက်ပြောလာတယ်။"စီမံရေးဌာနဘက်က မိန်းကလေးတစ်ယောက်က .. အမ် .. ကိုယ်နဲ့ရင်းနီးတယ်လေ ... အဲဒါ ..သူကိုယ့်ကိုကူးပေးထားတာ "
"ဒီတစ်ခုတည်းပဲရှိတာမဟုတ်ဘူးလေ "
ငါက mouse ကိုရွှေ့လျားပြီးပြောလိုက်တယ်။
YOU ARE READING
တရုတ်ဆရာဝန်အိုကြီးတွေကို emojiတွေကောင်းကောင်းသုံးတတ်အောင်ဘယ်လိုသင်ပေးရမလဲ
RomantikkAuthor(s) 爱莲斋 E- translator Lia Status in COO 11 chapters + 1 Extra (Completed) Unicode+ Zawgyi ဒါလေးကပေါ့ပေါ့ပါးပါးလေးနဲ့ အခွီလေးတွေပါပြီး ချစ်ဖို့ကောင်းတဲ့ story လေးပါ E -translator ဆီကလည်းခွင့်ပြုချက်ရထားပြီးပြီဆိုတော့ ကျွန်တော်အတတ်နိုင်ဆုံးကြို...