extra

5.2K 935 76
                                    


Zawgyi

နှစ်သစ်ကူးချိန်က မကြာခင်ရောက်ရှိလာတော့မယ်။ ဒီလိုအချိန်မျိုးမှာ ဝမ်လင်းယွမ်ရဲ့ စီနီယာက သူ့ကို တခြားမြို့မှာရှိတဲ့ဆွေးနွေးပွဲကိုတက်ရောက်ဖို့အတွက် ထူးထူးရှားရှားဖိတ်ခေါ်ထားတယ်။ ဒါက ဆရာဝန်တွေရဲ့ဘဝပဲ။ မင်းရဲ့အချိန်တွေ အများကြီးလိုအပ်လိမ့်မယ်။ အချိန်ဆိုတာမျိုးက ဘယ်သူ့ကိုမှ စောင့်ပေးနေတတ်တာမျိုးမဟုတ်ဘူးလေ။

တုချင်း အိမ်မှာတစ်ယောက်တည်းကျန်နေခဲ့ရတာကြောင့် နည်းနည်းတော့ ဝမ်းနည်းသလိုခံစားရတယ်။ နှစ်သစ်ကို သူ့ရဲ့မိဘတွေအိမ်မှာဖြတ်သန်းသင့်လား ဒါမှမဟုတ် ပါးပါးဝမ်နဲ့ မားမားဝမ်တို့ဆီမှာ ကုန်ဆုံးသင့်လား ဆိုတာ သူ့ရဲ့စိတ်ထဲမှာ တွေးတောပြီးတဲ့နောက် နှစ်ခုလုံးကိုမရွေးချယ်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။

အဆုံးမှာ သူသိလိုက်ရတာကတော့ ထိုလေးယောက်လုံးက နှစ်သစ်အချိန်မှာ ဟဲနမ်ဒေသကို အလည်သွားရောက်ဖို့ ဟိုးအရင်ကတည်းကအစီအစဉ်ဆွဲထားပြီးသားဆိုတာကိုပဲ။ ဒီသနားစရာကောင်းတဲ့လူငယ်လေးကို တစ်ယောက်တည်းချန်ထားခဲ့ပြီးတော့လေ ။

ရုတ်တရက်ကြီး မိဘမဲ့ကလေးဘဝကို နောက်တစ်ကြိမ်ရောက်ရှိသွားရတဲ့ တုချင်းတစ်ယောက် ပျင်းရိလေးတွဲစွာနှင့် တစ်နေကုန်အိပ်နေခဲ့တယ်။ နောက်တော့ သူ့ရဲ့ခြေထောက်တွေက နှစ်သစ်ကူးခရီးသွားကာလအတွင်း ဈေးတွေမြင့်မားနေတဲ့ လက်မှတ်ရောင်းချရာနေရာဆီသို့ရောက်ရှိသွားပြီး ဝမ်လင်းယွမ်ရှိနေတဲ့မြို့ထံသို့သွားမယ့် လက်မှတ်ကို ဝယ်ယူလိုက်တယ်။

သူထိုမြို့ကိုရောက်ရှိသွားချိန်က နှစ်သစ်ကူးအကြိုနေ့ဖြစ်တာကြောင့် လမ်းတစ်လျှောက်မှာ ပျော်ပွဲရွှင်ပွဲတွေနှင့်ပြည့်နေပြီး အနီရောက်တောက်တောက်စာလုံးတွေနဲ့ရေးသားထားတဲ့ "福" ( Fu / Good luck or fortune) ဆိုတဲ့ စကားလုံးကနေရာအနှံ့မှာပြည့်နှက်နေခဲ့တယ်။ ဒါပေမယ့် နေ့လည်ခင်းချိန်ကိုရောက်ရှိချိန်မှာတော့ ဆိုင်တွေတစ်ဆိုင်ပြီးတစ်ဆိုင်ပိတ်သိမ်းပြီး အိမ်ကိုပြန်သွားကြတဲ့အတွက် ထိုနေရာက အေးစက်ပြီး လူသူကင်းမဲ့စွာနဲ့ကျန်ရစ်ခဲ့တယ်။

🎉 You've finished reading တရုတ်ဆရာဝန်အိုကြီးတွေကို emojiတွေကောင်းကောင်းသုံးတတ်အောင်ဘယ်လိုသင်ပေးရမလဲ 🎉
တရုတ်ဆရာဝန်အိုကြီးတွေကို emojiတွေကောင်းကောင်းသုံးတတ်အောင်ဘယ်လိုသင်ပေးရမလဲWhere stories live. Discover now