Chapter (4.2)

4.1K 1.1K 50
                                    

25.

ငါ Wang Dequanရှိလောက်မယ့်နေ့တစ်နေ့မှာ Hesong clinicဆီကိုသွားခဲ့ပေမယ့် သူ့ကိုတော့အသိမပေးခဲ့ဘူး ။ အဲဒီကိုရောက်တော့ စောင့်ဆိုင်းရမယ့်ထိုင်ခုံမှာထိုင်နေရင်းနဲ့ပျော်ရွှင်မြူးတူးစွာဆော့ကစားနေကြတဲ့ကလေးတွေကိုငေးကြည့်နေမိခဲ့တယ်။

ငါဆေးရုံကိုရောက်နေပြီဖြစ်ပေမယ့် တုံ့ဆိုင်းနေမိတုန်းပါပဲ။

တရုတ်ရိုးရာဆရာဝန်တွေက ငါ့ရဲ့ရောဂါကိုအများကြီးအကျိုးသက်ရောက်မှုရှိစေပါ့မလားဆိုတာ ငါ့အနေနဲ့သိပ်မသေချာဘူး။ ငါအရင်တုန်းက စိတ်ရောဂါဆရာဝန်တွေဆီကို သွားပြီး အကုန်လုံးကိုပြောပြခဲ့ဖူးပေမယ့် သူတို့က ငါ့ရောဂါကိုကုသဖို့မစွမ်းဆောင်နိုင်ခဲ့ကြဘူး ။ နောက်ဆုံးတော့ မရေမရာအခြေအနေနဲ့ပဲ အဆုံးသတ်ခဲ့ရယေ်။

တစ်ဖက်မှာတော့ Wang Dequanရဲ့သဘောထားတွေက ငါ့ကိုစိတ်သက်သာရာရစေတယ်။ ဒါပေမယ့် တခြားတစ်ဖက်ကကြည့်ရင်တော့ သူကငါ့ကို သူ့ရဲ့ သာမန်သူငယ်ချင်းတစ်ယောက်လို ၊ လူနာတစ်ယောက်လို သဘောထားတာကြောင့် ဒီကိစ္စအပေါ်မှာ အေးအေးဆေးဆေးသဘောထားနေတာလား ဆိုပြီးခံစားမိစေတယ်။

သေစမ်းကွာ ! ခုတော့ငါ့ခံစားချက်တွေ ရှုတ်ထွေးနေပြီ ။

စိတ်အေးအေးထားစမ်း ! ငါ့အတွက် Wang Dequan က blind dateမှာတွေ့ခဲ့တဲ့လူတစ်ယောက်ပဲ ။ ဒီထက် ဘာမှပိုတာမဟုတ်ဘူး ။ သူက နေ့တိုင်း နေ့တိုင်း စောစောထတတ်ပြီး စောစောအိပ်တတ်တဲ့သူကြီးပဲ ! သူကလူအိုကြီးတွေသုံးတဲ့ emojiတွေကိုပဲသုံးတတ်တာ ! သူ့ရဲ့နာမည်ကလည်း အရမ်းကိုခေတ်နောက်ကျနေသေးတယ် ! ငါတကယ် သူနဲ့အတူတူ တစ်ဘဝလုံးကိုဖြတ်သန်းနိုင်လို့လား ?!

ငါ သူ့ရဲ့နာမည်ကို ပထမဆုံးအကြိမ်မြင်တုန်းက သူက ဇာတ်ဝင်ခန်းငါးခုထက်မပိုနိုင်ဘူးလို့တွေးခဲ့တယ်လေ ။ငါတို့တွေ blind dateကိုထပ်မလုပ်နိုင်လောက်တော့ဘူးဆိုတာ ငါသေသေချာချာကြီးသိနေပြီ။

အာ .. ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်သလဲ ။ ငါက TCM ဆေးရုံမှာထိုင်ပြီးတော့ ငါရဲ့ relationship ပြသနာကို စဉ်းစားမိနေတယ်တဲ့လေ ။

တရုတ်ဆရာဝန်အိုကြီးတွေကို emojiတွေကောင်းကောင်းသုံးတတ်အောင်ဘယ်လိုသင်ပေးရမလဲTempat cerita menjadi hidup. Temukan sekarang