Chapter (7.2)

3.9K 1K 53
                                    

Unicode

51.

ငါးစက္ကန့်ခန့်ကြာပြီးတဲ့နောက်မှာတော့ ကုမ္ပဏီထဲမှာရှိနေတဲ့လူတိုင်းက နာနာကျင်ကျင်နဲ့ အော်ဟစ်လိုက်တဲ့ အသံကိုကြားလိုက်ရတယ်။

တစ်ယောက်ယောက်က ဒဏ်ရာရသွားတယ်လို့မထင်ပါနဲ့ ။ အဲလိုကိစ္စမျိုးမဟုတ်ပါဘူး။

Wang Dequanက ငါ့ဂျူနီယာလေးရဲ့ ပုခုံးကို အနောက်ဘက်ကနေ ဆွဲကိုင်လိုက်ကာ ပုခုံးစွန်းတစ်လျောက်ကို နှိပ်နယ်လိုက်ပြီး အရက်မူးခြင်းကို ပြေပျောက်သွားစေတယ်။

52.

ငါမင်းတို့အားလုံးကို ပြောဖို့မေ့နေတာတစ်ခုရှိသေးတယ်။ ပြီးခဲ့တဲ့တစ်ခေါက် ငါ Wang Dequan အိမ်ကိုသွားတော့ တကယ့်ဖန်နဲ့ပြုလုပ်ထားတဲ့ ခွက်တွေရဲ့ဘေးဘက်မှာ အပ်တွေနဲ့ထိုးစိုက်ထားတာကို မြင်ခဲ့ရတာကြောင့် ငါက ဘယ်လိုဆန်းကြယ်တဲ့ အလှဆင်ပစ္စည်းတွေလည်းဆိုပြီးမေးမြန်းခဲ့မိတယ်။

သူက သူ့ရဲ့ကျောင်းမှာ အပ်စိုက်ကုထုံးနည်းပညာကိုသင်ကြားခဲ့တုန်းက သူ့အနေနဲ့ အပ်ကိုလှည့်ပတ်ထိုးသွင်းနိုင်တဲ့ အမြင့်ဆုံးစွမ်းရည်ဆုကို ရရှိခဲ့ကြောင်း ပြန်ဖြေခဲ့တယ်လေ။ ဒါကြောင့် သူက အဲဒီတစ်ခုကို အမှတ်တရအနေနဲ့ သိမ်းထားခဲ့တာ။

Wang Dequan က လက်ချောင်းတွေရဲ့သန်မာမှုက ကိုင်တွယ်တဲ့ရှုထောင့်နဲ့ဆိုင်ကြောင်းပြောခဲ့ပြီး နည်းစနစ်အပေါ်မှာအဓိကမူတည်ကြောင်းပြောခဲ့တယ်။

နည်းစနစ်ပဲ။

53.

ကားထဲကို ဝင်ထိုင်ပြီးတဲ့နောက် Wang Dequan က ငါ့ရဲ့နောက်ကျောကို ဖိနှိပ်ပြီး ရှင်းပြပေးခဲ့တယ်။

''ဒါကအဆုတ်ရဲ့အပ်စိုက်ရာနေရာဖြစ်ပြီး အသည်း၊ သရက်ရွက်၊ နဲ့ အစာအိမ်တို့ရဲ့အောက်ခြေမှာရှိတယ်.. ဒါကြောင့် မင်းအနေနဲ့ အဲဒီနေရာကိုနှိပ်ပေးမယ်ဆိုရင် အမူးပြေစေနိုင်တယ် ''

ငါကတော့ ဘာစကားမှ မပြောနိုင်တော့ဘဲ လည်ပင်းကိုပဲ ပွတ်သပ်မိတော့တယ်။

54.

အမှန်တကယ်ချစ်ကျွမ်းဝင်ဖို့ နီးစပ်လာခဲ့တာလား ။ ငါ ဘာတွေမျှော်လင့်ခဲ့မိတာလဲ ။

တရုတ်ဆရာဝန်အိုကြီးတွေကို emojiတွေကောင်းကောင်းသုံးတတ်အောင်ဘယ်လိုသင်ပေးရမလဲWhere stories live. Discover now