Chapter (2.2)

5.6K 1.2K 96
                                    

Zawgyi

(12)

နောက်နေ့ကိုရောက်တော့ ငါပေါ့ပေါ့ပါးပါးဖြစ်လောက်မယ့် suitကိုဝတ်ဆင်ခဲ့ပြီး Qianju စားသောက်ဆိုင်ကို နာရီဝက်ခန့်ကြိုပြီးဝင်သွားခဲ့တယ်။

တကယ်တမ်းကျတော့ ထွက်မလာခင်အချိန်ထိ ဒါကိုဝတ်ဆင်လာတာကအရမ်းများ အပိုလုပ်သလိုဖြစ်နေမလားဆိုပြီး အချိန်အတော်ကြာအောင် ငါစိုးရိမ်ပူပန်နေခဲ့သေးတယ်။
ဒါပေမယ့် သူ့ရဲ့ ပုဂ္ဂိုလ်ရေးအကြောင်းကိုတွေးမိတော့ နည်းနည်းလောက်ပိုပြီး ကောင်းကောင်းမွန်မွန်ဝတ်သွားတာက ဘာပဲပြောပြော ပိုပြီးစိတ်ချရတာပဲလေ။

စောစောလေးရောက်လာရခြင်းအတွက်ကတော့ အကြောင်းပြချက်ရယ်လို့တော့မရှိပါဘူး ။ ဒါက ငါ့ရဲ့ကိုယ်ပိုင်အလေ့အထကြောင့်ပါပဲ။ ပုံမှန်အားဖြင့် အလုပ်ထဲမှာဆိုရင် ငါတို့လို အက်ဒီတာတွေက စာရေးသူတွေနဲ့အစည်းအဝေးချိန်တွေစီစဉ်ရတဲ့အချိန်မျိုးမှာ ငါတို့ နောက်ကျလို့မရဘူးလေ။ သူတို့ကိုစောင့်ခိုင်းဖို့ဆိုတာမဖြစ်နိုင်ဘူး ။ဒါကြောင့် ငါတို့ဟာ အမြဲလိုလိုစောစောထွက်လေ့ရှိပြီး ယဉ်ကြောပိတ်ဆို့တာမျိုးတွေဖြစ်နိုင်တဲ့အချိန်ကိုပါ ကြိုပြီး စီစဉ်ထားရတယ်လေ။

ငါ Wang Dequan နဲ့ စကားပြောပြီးစုံစမ်းခဲ့တဲ့နေ့တုန်းက သူက ဒီနေရာမှာလူတွေများများမရှိဘူးဆိုပြီး ပြောခဲ့တယ်။ နောက်ပြီး ငါတို့အနေနဲ့ သီးသန့်နေရာလည်း မလိုအပ်တာကြောင့် ငါအရင်ရောက်လာခဲ့တာဖြစ်တယ်။ ဆိုင်ဝန်ထမ်းက ငါ့ကို နှစ်ယောက်စာ စီစဉ်ထားတဲ့နေရာကိုခေါ်ဆောင်သွားခဲ့တယ်။ အဲဒီနေရာထဲမှာတော့ လှပပြီးမျက်စိပသာဒဖြစ်စေမယ့်အလှဆင်ပစ္စည်းတွေနဲ့တန်ဆာဆင်ထားပြီး လူတွေကိုဆွဲဆောင်ထားနိုင်တယ်။ အဲဒီမှာ လှပတဲ့စင်္ကြံလမ်းလေးလေးရှိပြီးတော့ သဘာဝအတိုင်းဖန်တီးပြုလုပ်ထားတဲ့ ရေတံခွန် ကျောက်သားဥယျာဉ်လေးတစ်ခုလည်းရှိသေးတယ်။ ထိုနေရာက အပြင်ဘက်ကကြည့်မယ်ဆိုရင်တော့ ဖုံးကွယ်ထားတဲ့ပုံစံမျိုးဖြစ်နေပြီး ကောင်းကောင်းမြင်ရမှာမဟုတ်ဘူး ။

ကြည့်ရတာ နည်းနည်းလောက်စောနေသေးပေမယ့် ငါသူ့ဆီကိုဖုန်းခေါ်ပြီး လောဖို့မစဉ်းစားမိဘူး ။ ငါနေရာမှာပဲထိုင်လိုက်ကာ နေရာအနှံ့ကိုလိုက်ကြည့်ပြီးတော့ ဒီနေရာကိုလာကြမယ့် တခြားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုမှန်းဆရင်း ထိုလူတွေရဲ့ အချစ်နဲ့အမုန်း ဇာတ်ဝင်ခန်းတွေကို စိတ်ကူးကြည့်မိတယ်။

တရုတ်ဆရာဝန်အိုကြီးတွေကို emojiတွေကောင်းကောင်းသုံးတတ်အောင်ဘယ်လိုသင်ပေးရမလဲWhere stories live. Discover now