အပိုင်း ၂

29.2K 1.2K 55
                                    

Unicode

နေ့လည်အတန်းနားချိန် ကန်တင်းထဲဝင်လာတော့
မိန်းကလေးတွေအားလုံးရဲ့အကြည့်ကထည့်ဆီသို့
သာစုပြုံနေကြသည်။ တိုးတိုးတစ်မျိုးကျယ်ကျယ်
တစ်မျိူး လှမ်းရှိုးနေကြရင်း ပြောနေသံတွေထဲ
ထည့်ရဲ့အပြုအမူနဲ့ နေပုံထိုင်ပုံက သူတို့အကြိုက်
သာဖြစ်သည်ဟူ၍။

အဝါရောင်ပေါ်တွင်အမည်းရောင်အစင်းကြားလေးပါသောရှပ်အကျိီ်လက်ရှည်ကိုစတိုင်ပန်အဖြူရောင်နဲ့လိုက်ဖက်စွာတွဲ၍ဝတ်ဆင်ထားသည်။ချောမောကြည့်ကောင်းပြီး တည်ငြိမ်တဲ့အသွင်အပြင်ရှိတဲ့
ထည်က ဆံပင်ခပ်တိုတိုကိုခေါင်းလိမ်းဆီခပ်ပါးပါးလိမ်းထားသည်က သပ်သပ်ရပ်ရပ်။
အမြဲတမ်းကြည့်ကောင်းပြီးတည်တင်းတဲ့
မျက်နှာအသွင်ဖြစ်လေရာ တော်ရုံလူတွေကို
ထည်ဂရုစိုက်တက်တဲ့အကျင့်မရှိ။

သို့ပေမဲ့ သူကန်တင်းထဲရောက်တိုင်း
လူတစ်ယောက်ကိုတော့ အမြဲရှာကြည့်မိသည်။
သူမမြင်ရတဲ့ အချိန်လေးအတွင်းပေါက်ကရတွေလျှောက်လုပ်ပြီး ထိုလူတစ်ခုခုဖြစ်မှာကို
စိတ်ပူမိ၏။ မနေ့ကပြဿနာကိုအခဲမကြေတာ
ကြောင့် ဖေဖေအလုပ်ကိစ္စနဲ့နယ်ဘက်ကို
ဆင်းသွားတာသိသိချင်း သူ့က်ိုစပြီးတော်လှန်သည်။
သူနဲ့အတူကျောင်းသွားဖို့ကို ငြင်းဆန်ရင်း ဘယ်ကမှန်းမသိတဲ့သူငယ်ချင်းဖြစ်သူရဲ့ကားနဲ့အတူပါသွားတာကိုသာသိလိုက်ရသည်။ဖေဖေသာမရှိရင် သတ္တိဆိုသူကထည့်ကိုလုံးဝစာရင်းထဲမသွင်းတက်။ သူကျွန်တော့််ကို ကြောက်တာလဲ ကြောက်ချင်
ယောင်ဆောင်တာမျိုးသာဖြစ်နိုင်သည်။

အနောက်ဘက်ဆီသိုင်းလွယ်ထားတဲ့ကျောပိုး
အိတ်ရှည်ရဲ့ကြိုးလေးကို လက်ကတင်းကျပ်စွာဆုပ်ကိုင်လိုက်ရင်း
ကန်တင်းဘက်တစ်ချက်ဝေ့ရှာပြီးတာနဲ့သူပြန်ထွက်လာ
လိုက်လေသည်။ ပြန်မပြောနားမထောင်ကို တစ်မနက်လောက်ကောင်းကောင်းမမြင်လိုက်ရရင်တောင်
နေရထိုင်ရအတော်ခက်နေသလိုလို။
ရန်ဖြစ်နေရင်းပဲဖြစ်ဖြစ် သူ့အပြုအမူတွေကို
မျက်စိအောက်ကအပျောက်မခံချင်မိသည်အထိ
သူ့စိတ်ထဲနေရာပေးထားမိသည်။

ခံစားချက်တွေစဖြစ်လာတာ ထည်ဒီအိမ်ရောက်
ပြီးချင်း၁၄နှစ်အရွယ်လောက်ကဖြစ်နိုင်သည်။
သူ့ကိုသဘောမကျမှန်းသိပေ
မဲ့ ထည် ကတော့ စမြင်တည်းကဒီလူရဲ့ပုံစံကို
အခုထိမှတ်မိနေတုန်းပဲ...။

မွေးစားညီလေး [COMPLETE]Where stories live. Discover now