အပိုင်း ၁၇

13.9K 748 47
                                    

Unicode

"ငါ့နင့်ကိုစိတ်မဝင်စားဘူးလို့ပြောနေတယ်လေ..ရန်ပိုင်"

ကျောင်းဝန်းထဲကထွက်လာပြီး ဘယ်လောက်မှတောင်မလှမ်းသေးဘူး ဂြိုလ်ဆိုးကအသင့်စောင့်နေသည်။

"အဲ့ဒါနင့်ကိစ္စပါ ငါ့ကိစ္စကငါ့ခံစားချက်ကိုနင်သိနေဖို့ပဲ အခုသိသွားပြီဆိုတော့ နင်ငါ့ကိုပြန်ကြိုက်ကိုကြိုက်ရမယ်.."

အံ့သြစရာပဲ။သူကြိုက်တယ်ဆိုတာနဲ့ပဲပြန်ကြိုက်ပေးရဦးမယ်။ ရင်းနှီးခဲ့ရတဲ့သူငယ်ချင်းတွေကနေ
ကိုယ့်အပေါ်စည်းဖောက်တာလောက် အနေရခက်တာမရှိ။ တစ်ဖက်ကလိုအပ်တာထက်ပိုပြီး တဇွတ်ထိုးဆန်လာရင်တော့ ရွေးချယ်စရာကနှစ်ခုပဲရှိတယ်။
သူငယ်ချင်းအဆင့်ထက်ပိုလိုက်မလား ဒါမှမဟုတ်
သူငယ်ချင်းအဖြစ်ကပါရပ်လိုက်မလား။

အခုလိုမျိူးရန်ပိုင်ရဲ့ပုံစံနဲ့အပြုအမူတွေကြောင့်
မီမီသက်ကျော်ကတော့ ဒုတိယလမ်းကိုသာ
ရွေးချယ်မှာဖြစ်သည်။

"ရွံစရာ သေနာကောင်... "

"နင်ဘာပြောလိုက်တယ်...!"

ရုတ်တရတ်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ခံလိုက်ရတဲ့ မီမီသက်ကျော်လက်ကလေးနှစ်ဖက်။ ဒေါသကြောင့်လဲလူကတကိုယ်လုံးတုန်ယင်လျက်ရှိသည်။ တကယ်ဆို ကိုတိကတူတူပြန်ဖို့ သူ့ကိုပြောတည်းကလိုက်သွားသင့်တာ။ သူကိုယျတျိုငျကရှညျပွီး မြို့ထဲသွားဖို့အစီအစဥ်ရှိနေတာနဲ့ ငြင်းလိုက်မိတာပဲဖြစ်သည်။ ကိုတိကိုလိုက်ပို့ခိုင်းရင်တောင်
ခုလိုအဖြစ်နဲ့လာကြုံနေမှာမဟုတ်။

"ရန်ပိုင်.. နင်ငါ့လက်ကိုခုချက်ချင်းလွှတ်လိုက်နော်
ငါမလုပ်ရဲတာဘာမှမရှိဘူး.. လွှတ်...ဖယ်...!"

အတင်းရုန်းနေသော်လည်း ယောကျာ်းတစ်ယောက်ရဲ့အားကိုသူမယှဥ်နိုင်တာတော့အမှန်ပင်။ ရှက်လွန်းတာကြောင့် ခေါင်းမဖော်နိုင်ပေမဲ့ ကိုယျ့သိက်ခါလဲရှိသေးတာမို့ ဆွဲလားရမ်းလားအနေအထားကနေလွတ်အောင် အော်မည်ဟုကြံလိုက်လျှင်ပဲ ဘယ်ကမှန်းမသိတဲ့ခြေကန်ချက်က ရန်ပိုင့်ရင်ဘတ်ကိုအရှိန်ပြင်းပြင်းဘဲ လာထိသည်။

"ဟင်.. ကိုကို..."

"ဟာ... ဒီခွေးမသား.... !"

ရန်ပိုင်ကလဲမခေပါ ၊မဟာသတ္တိဆီသို့အရှိန်ပြင်းပြင်း
လက်သီးဖြင့် ပြန်တိုးဝင်လာခဲ့ပေမဲ့ တိကတိမ်းစောင်း၍ရှောင်လိုက်သည်။ ထိုအခါ မကျေမနပ်ဖြစ်နေတဲ့ရန်ပိုင်နဲ့ပါလာသူအဖော်ကပါ သတ္တိကိုချူပ်ပြီးထိုးရန်ကြိုးစားသည်။ ကံကောင်းစွာဖြင့် ရုတ်ရုတ်သဲသဲအခြေအနေကိုသတိထားမိသွားတဲ့ အနီးအနားရှိကျောင်းသားတချို့လဲ မီီမီသက်ကျော်ရဲ့အော်သံကြောင့်အပြေးအလွှားပဲရောက်လာကြသည်။ အခြေအနေမဟန်တာကြောင့်ထပြေးသွားကြတဲ့နှစ်ယောက်...
ဒါတောင်သွားခါနီး မီမီသက်ကျော်ကိုဆွဲလားကိုင်လားလုပ်တဲ့ကောင်ကလက်ညှိူးတထိုးထိုးဖြင့် ကြိမ်းသွားသေးသည်က...

မွေးစားညီလေး [COMPLETE]Where stories live. Discover now