အပိုင်း ၄

20.8K 1K 36
                                    

Unicode

ကိုယ်လုပ်ချင်တဲ့အရာမှန်သမျှကို စိတ်ကျေနပ်အောင်
လုပ်ပြီး ပြဿနာကိုနောက်မှဖြေရှင်းတက်တာမဟာသတ္တိရဲ့အကျင့်တစ်ခု။ အမြဲတမ်းစိုးရိမ်ပူပန်မှုကင်းကင်းနဲ့ပေါ့ပေါ့ပါးပါးသာဘဝကိုတိကရှင်သန်ချင်သည်။

ဖြစ်လာမည့်အကျိုးဆက်ထက် တိ ကစိတ်ချမ်းသာတဲ့အရာကိုဦးစားပေးလိုက်တာကြောင့် တစ်နည်းအားဖြင့် သူစိတ်ပျော်ရသည်သာဖြစ်သည်။

ဒီလိုမျိုးနေလာခဲ့တဲ့တစ်လျှောက်မှာ တိအလယ်တန်းကျောင်းသားအရွယ်ကစလို့ ဘဝကစတင်ပြောင်းလဲသွားသည်ဟု ခံစားရသည်။ တိစိတ်ထဲနှလုံးသားထဲတွင်တော့ သားအရင်းဖြစ်သူထက် ထိုမွေးစားသားအပေါ်ကို ဖေဖေကပိုယုံကြည်အားကိုးသည်ဟုခံစားရသည်။ တိကိုယ်တိုင်လဲအရမ်းဆိုးဆိုးရွားရွားထဲကလူမဟုတ်ပေမဲ့အခြားသူနဲ့နှိုင်းယှဥ်ပြီးတိကို အခွင့်အရေးပေးမှုနည်းသွားမှာတော့စိုးရိမ်သည်။

တိ ထိုကောင်လေးကိုမမုန်းဘူးဆိုပေမဲ့မျက်နှာချင်းဆိုင်
အနေအထားတစ်ခုနဲ့ကြည်ဖြူပေးလို့ရတဲ့အနေအထားမှာတော့ရှိမနေ။ နှစ်ယောက်ကမျက်နှာချင်းမဆိုင်ရရင်ကိုပဲ ပိုလို့အဆင်ပြေတဲ့အခြေအနေမျိုးသာဖြစ်နေသည်။

အကြောင်းပြချက်မရှိပေမဲ့ ခန့်ထည်သော်ဆိုတဲ့ကောင်လေးက တိရဲ့မျက်စိထဲတွင်တော့တကယ်ကိုအနှောက်အယှက်။

သူတို့နှစ်ယောက်မှာ ရွေးချယ်ခွင့်တွေရှိပြီး အဲ့ဒီ့ရွေးချယ်ခွင့်ကို ဘယ်သူကအရင်လက်ဦးသွားမည်လဲသိရန်သာလိုသည်။ ဖခင်ဖြစ်သူဆန္ဒသဘောထားအရ ဦးစွာအိမ်ထောင်ကျသောသူသည် အမွေပစ္စည်းအားလုံး၏ သုံးပုံတစ်ပုံသာလျှင်ဆက်ခံခွင့်ရှိမည်ဖြစ်သည်။ တကယ်က ခန့်ထည်သော်
သာမရှိခဲ့ပါလျှင် သူအိမ်ထောင်ပြုခြင်း၊မပြုခြင်းနဲ့
ပတ်သတ်ပြီး အမွေမရမှာကို စိုးကြောက်နေစရာမလိုသလိုဒီကောင်လေးနဲ့ခွဲဝေယူနေစရာ အကြောင်းလဲရှိမနေပါ။

တကယ်က အမွေဆိုတာထိုက်မှရတာမလား...
လိုချင်လို့ ဒီလိုမျိုးတွေးမိတာမဟုတ်ပေမဲ့ ဒီကောင်လေးသာ မရှိလာခဲ့ရင် အားလုံးကသတ္တိရဲ့အပိုင်ပဲ။
ဖေဖေ့ဆီက ယုံကြည်အားကိုးမှုနဲ့ ဂရုစိုက်မှုတွေ.. နောက် ချီးကျူးခံရတာမျိုးတွေ ဒါတွေက မဟာသတ္တိဆိုတဲ့သူတစ်ယောက်တည်း
ရနိုင်တဲ့အခွင့်အရေးလေ။

မွေးစားညီလေး [COMPLETE]Where stories live. Discover now