အပိုင်း ၁၂

15.2K 914 72
                                    

Unicode

ထည် ဟိုတယ်ရောက်တာနဲ့ message ထဲကအခန်းနံပါတ်အတိုင်း ရှာရင်းကောင်တာကဝန်ထမ်းကို မေးမြန်းကာလာခဲ့ရသည်။

ကိုတိနဲ့ အဲ့မိန်းကလေးပြတ်သွားပြီလို့ ပြောခဲ့တာ
အခုမှအလိုမတူဘဲ ကိုတိကထိုမိန်းကလေးကို..!
သူဆက်မတွေးချင် ကိုတိကိုယုံပေမယ့် ထိုမိန်းကလေးကိုမယုံကြည်တာကပိုနေသည်။ အခန်းတံခါးကသော့ခတ်မထားတာကြောင့် သူဝင်လာလိုက်တော့ အရင်ရှာမိတာက သတ္တိကိုပဲဖြစ်သည်။

ထို့နောက်မတွေ့တော့မှ သူသက်ပြင်းချလိုက်ပေမဲ့...

"ကိုတိက အခုလိုပြောလိုက်ရင် ရောက်လာမယ်
ပြောတာတကယ်မှန်နေတာပဲ..."

နောက်လှည့်ကြည့်တော့ ရှက်စရာကောင်းဖွယ်လက်တစ်လုံးကြိုးနဲ့ပေါင်အတိုလောက်သာရှိတဲ့ ညအိပ်ဝတ်အကျီ~ကို ဝတ်ဆင်ထားပါသော သူကားအတူစီးခဲ့ဖူးသည့်မိန်းမ။

ထည်ဒေါသတကြီးပဲ အရှေ့သို့ တိုးကပ်သွားလိုက်ရင်းထိုမိန်းကလေးရဲ့ လည်ပင်းကိုလက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ကာအနောက်သို့ တစ်ချက်တွန်း၍ ပြောလိုက်သည်က...

"မင်းက ကိုတိရဲ့ကျောင်းကမဟုတ်မှန်းငါသိတယ်..."

"ရှင်.... အစ်... အု... လွှတ်!"

"ကိုတိဘယ်မှာလဲ?"

သူပြောရင်းလွှတ်ပေးလိုက်တော့ ချောင်းတဟွပ်ဟွပ်ဆိုးရင်း ထည့်ကိုမကျေနပ်သလိုကြည့်လာသည်။

"စောက်ရူး... ဒါတွေအကုန်လုံး ကိုတိအစီအစဥ်ကြီးပဲ.."

"ဘာ!? "

"ဟုတ်တယ် ရှင့်ကိုသဘောကျနေလို့ ကျွန်မက
ကိုတိပြောသလို လုပ်ခဲ့ရုံပဲ "

"မင်းပြောတိုင်းငါယုံရမှာလား မဟေသီ
တက်နေတဲ့ ကျောင်းကအစလိမ်ထားပြီး မင်းပါးစပ်က ထွက်သမျှငါယုံစရာအကြောင်းမရှိဘူး..."

မဟေသီ လက်သီးကိုတင်းတင်းဆုပ်လိုက်ရင်း
ကုတင်ဘေးစားပွဲပေါ်ရှိ ဖုန်းကိုယူကာနံပါတ်တစ်ခုကို
အပြေးအလွှားနှိပ်လိုက်မိသည်။ မဟေသီနဲ့သတ္တိ
ဖုန်းပြောနေတဲ့စကားအသွားအလာကို ကြည့်ပြီး
ထည်ရင်တွေတလှပ်လှပ်ဖြင့်သာ။ ဒီလိုမိန်းမလက်ထဲ ထိုးထည့်ပေးဖို့ သတ္တိကသူ့ကိုကြံရွယ်သည်တဲ့။
ထည်မယုံကြည်နိုင်သေး။ ဝမ်းနည်းမှုကတကိုယ်လုံးကို လှိုက်တက်လာသည့်အခါ ဒေါသအဖြစ်ပြောင်းကုန်သည်။

မွေးစားညီလေး [COMPLETE]Where stories live. Discover now