To Readers

9.2K 365 29
                                    

Unicode

ကိုယ်ဖန်တီးတဲ့ဇာတ်လမ်းတိုင်းအတွက် Extra
လုံးဝမထားတော့ပါဘူး။ နောက်တစ်ခု18+ရေးရတာ
ကြိုက်သလိုဖတ်ရတာလည်း သဘောကျပေမဲ့
ဒီဇာတ်လမ်းမှာလုံးဝထင်သာ၊မြင်သာအောင်
မထည့်ရက်ခဲ့နိုင်ပါဘူး။ အပိုင်း (၂၇)မှာ ညည်းသံတွေထည့်ရေးမိတာတောင် စိတ်ထဲဘဝင်မကျဖြစ်နေတယ်။ ရေးပြီးပြီမို့မဖျက်တော့ဘူး။ကျနော့်ရဲ့ဒုတိယအပုဒ်Eternal Loveမှာတော့ထင်သာ၊မြင်သာထည့်ရေးမိတဲ့အပိုင်းတွေရှိတယ်။ဇာတ်လမ်းလည်းကောင်းတာမို့ သွားဖတ်ကြည့်လို့ရပါတယ်ရီဒါတို့။

လူတွေအပေါ်သံယောဇဥ်အလွယ်ဖြတ်နိုင်တဲ့ကိုယ်က တကယ်မရှိတဲ့ဇာတ်ကောင်တွေနဲ့တိရစ္ဆာန်တွေအပေါ်မှာတော့ထင်ထားတာထက်အရမ်းသံယောဇဥ်ဖြစ်လွန်းလို့အနှောင်အဖွဲ့တွေမကြီးချင်လို့ပါ။ ဇာတ်လမ်းလေးကိုအဆုံးသတ်နိုင်သွားရင်ဖိအားတွေမရှိတော့လို့ လွတ်လပ်သွားပြီ၊ငါတော့အဝပျော်ရပြီ ထင်ခဲ့ပေမဲ့ အခုတော့ငိုချင်မိတဲ့အထိကိုသံယောဇဥ်တွယ်သွားခဲ့ပုံပါပဲ။ ဘယ်လိုပြောရမလဲ အထီးကျန်တဲ့ခံစားချက်ကြီးကပြန်ဝင်လာတယ် သူတို့နှစ်ယောက်ကိုအဆုံးသတ်ပေးလိုက်ရတော့။

ကျေးဇူးတင်စကား🧡

အရင်ဆုံးFictionတစ်ပုဒ်ကိုအစကနေအဆုံးထိ
ရေးနိုင်ခဲ့တဲ့ကိုယ့်ကိုကိုယ်ကျေးဇူးတင်ပါတယ်။
နောက်ပြီး Ongoingလိုက်ပေးခဲ့တဲ့ရီဒါတို့ကို
စိတ်ထဲလှိုက်လှိုက်လှဲလှဲနဲ့ကိုကျေးဇူးတင်ပါတယ်။
ကိုယ်တိုင်သူများရေးတဲ့ဇာတ်လမ်းကိုOgတစ်ခါမှ
မလိုက်ခဲ့လို့ပါ။စောင့်ဖတ်ရတာသဘောမကျဘူးလေ။ကိုယ်ဘာသာဖတ်မယ်ဆိုပြီးရေးပေမဲ့ Ogထဲက
လိုက်ဖတ်ပေးသူတွေရှိလို့ အားတင်းပြီးဆက်ရေးနိုင်ခဲ့တာပါ။ အရေးအသားက မကောင်းတာမဟုတ်ဘူးလို့ ယုံကြည်တဲ့အပြင်အတူရှိပေးတဲ့ရီဒါတွေကြောင့်အဆုံးသတ်နိုင်ခဲ့ပါတယ်။ဟိုးအစကနေအဆုံးထိရီဒါတွေပဲရှိတာဆိုတဲ့စိတ်က Wpမှာအခြေချထဲကရိုက်သွင်းထားဖြစ်ခဲ့တယ်။ပထမဆုံးverတုန်းကရီဗျူးပိုစ့်တင်ပေးခဲ့တဲ့ရီဒါလေးတစ်ယောက်ကိုလည်းကျေးဇူးတင်ပြီး နောက်ထပ်ရီဗျူးပေးကြတဲ့Page
အားလုံးကိုကျေးဇူးတင်ပါတယ်။

မွေးစားညီလေး [COMPLETE]Where stories live. Discover now