အပိုင်း ၂၉

12.9K 660 25
                                    

Unicode

ဂျိန်းခနဲတံခါးပိတ်သံကိုကြားတာနဲ့ အဝတ်စီထည့်
နေတဲ့ထည့်ကျောလေးမတ်သွားရသည်။ သူအဝတ်တွေကိုထည့်နေတာလား ထုတ်နေတာလားဆိုတာ
မသဲကွဲ။မဟာသတ္တိရဲ့သူ့အပေါ်ထားတဲ့ သဘောထားလိုပဲအခုထိကွဲကွဲပြားပြားကိုမရှိဘူး။

"ခန့်ထည်သော် မင်း.... !မင်းတကယ်ကြီးသွား
ဖို့ဆုံးဖြတ်ထားတာလား..."

သူ့ပခုံးကိုဆွဲလှည့်ရင်းမျက်နှာချင်းဆိုင်ပြီးမေးလာတဲ့သတ္တိ။ထည်လည်းအလိုအလျောက်ပါပဲ မတ်တပ်ရပ်မိလျက်သားဖြစ်သွားသည်။ အခုတော့နှစ်ယောက်ကမျက်နှာချင်းဆိုင်။ တစ်ယောက်တည်းကပဲဆိုင်နေတာမျိုးဖြစ်နိုင်သည်။ ထည်ကတော့ ခုထိသေချာကြည့်မလာဘဲ မျက်လုံးကိုဟိုဒီဝေ့နေတယ်။ ဖြေရှင်းဖို့လည်းမကြိုးစားဘူး။ ဘာဆက်လုပ်မလဲဆိုတဲ့အဖြေကိုလည်း ကူရှာမပေးဘူး။ တကယ့်ခွေးကောင် သတ္တိကို သူစိတ်ပျော်ရာတဒဂ်ကြံပြီးထွက်ပြေးချင်နေတာ။

"ဟုတ်တယ်... ဖေဖေကိုယ်တိုင်သွားခိုင်းတာဆိုတော့..."

"မင်းတစ်သက်လုံး ဖေဖေ့စကားကိုပဲနားထောင်တာငါသိတယ် ခန့်ထည်သော်..."

မဟာသတ္တိပုံမှန်တိုင်းစိတ်ဆိုးရင် ခွေးကောင်ဆိုပြီးအော်ဆဲတက်ပေမဲ့ နာမည်အပြည့်အစုံခေါ်လာရင်တော့ စိတ်ဆိုးတဲ့အဆင့်ထက်ကျော်သွားတာမျိုးဖြစ်သည်။အခုလည်းတုပ်တုပ်မလှုပ်ဘဲ ရပ်နေတဲ့သူ့ရှေ့ကကောင်ကို သတ္တိတစ်ချက်လောက်ပိတ်ထိုးပစ်ချင်တယ်။

"မင်းကိုယ်တိုင် စိတ်မပါလည်းဖေဖေသာခိုင်းရင်
ဟိုး ဧဝရတ်တောင်ထိပဲတက်ရတက်ရဆိုတဲ့ကောင်မှန်းငါသိတယ် ဒါကြောင့်လည်း ဖေဖေကငါ့ထက်ပိုပြီးမင်းကိုဆိုဦးစားပေးတာ ယုံကြည်တာပေါ့
ဒါပေမယ့် ခန့်ထည်သော် မင်းငါ့အပေါ်လုပ်ပေးခဲ့တဲ့အရာတွေကရော ဖေဖေ့စကားကြောင့်ပဲလား
မင်းကဖေဖေဟိုသွားဆိုတန်းသွားပြီး ဒီလာဆိုချက်ချင်းပြန်လာမဲ့ကောင်ဆိုတာလည်း ငါသိတယ်..!
အခုမင်းအဲ့ကိုသွားရမဲ့အချိန် ဖေဖေကငါ့ကိုမိန်းမပေးစားဖို့စီစဥ်နေပြီ အဲ့ဒါကိုလည်းမင်းတကယ်ဘာမှမဖြစ်သလိုနေစိမ့်တယ်နော်... "

မွေးစားညီလေး [COMPLETE]Where stories live. Discover now