~ 1 ~

3.6K 213 11
                                    

အချစ်ဆိုတဲ့အရာက ဘာလဲ!?
ကိုယ့်အတွက်တော့ မင်းဟာ အချစ်ဘဲ


" ဂျယ်ယွန်း ရှီး  ဂျယ်ယွန်းမှတ်လား"

" အာ ဟုတ် ဟုတ်ပါတယ်"

ဘယ်သူမှန်းမသိတဲ့ ကောင်မလေး တစ်ယောက်က သူ့က်ု ချောကလတ်နဲ့ နှင်းဆီပန်းလေး တစ်ပွင့်လာပေးတော့ ကြောင်အမ်းအမ်းနဲ့

" ယူလိုက်ပါနော် ဒီနေ့က Valentine's Day လေ"

" အာ ဟုတ် ကျေးဇူးပါနော်"

ကောင်မလေးပေးတဲ့ နှင်းဆီပန်းတစ်ပွင့်နဲ့ ချောကလတ်လေးကို ယူလိုက်တော့ ချောကလတ် ဘူးရဲ့ အနောက်မှာ ကပ်ထားတဲ့ စာရွက်လေးကို တွေ့သွားသည်။

စာရွက်ထဲမှာ ရေးထားတာက Love is You ဆိုတဲ့ စကားလုံး သုံးလုံး။
နောက်တော့ အောက်နားလေးမှာ ဖုန်းနံပါတ်လေး လည်းပါတော့ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတဲ့ သူ့ရဲ့ ဖုန်းကို ထုတ်ပြီး ဂဏန်းတစ်ခုချင်းဆီကို ရိုက်ပြီး ဖုန်းဆက်လိုက်သည်။

" ဟလို "

" စောင့်နေခဲ့တာ အခုတော့ ဆက်ပြီပေါ့ ယွန်းလေး "

ဖုန်းထဲက ထွက်ပေါ်လာတဲ့ အသံ စာရွက်မှာရေးထားတဲ့ ဖုန်းနံပါတ်ရဲ့ ပိုင်ရှင်က ခုနက ‌သူ့ကို ဒီပစ္စည်းတွေပေးသွားတဲ့ ကောင်မလေးရဲ့ အသံမဟုတ်ဘဲ ယောကျာ်းတစ်ယောက် အသံ

" ဟင် ဖုန်းမှားသွားပြီ ထင်တယ် ခုနက ကောင်မလေး ဖုန်းမဟုတ်ဘူးလား"

" ဟားဟား မဟုတ်ဘူး ဖုန်းမှားနေတာလည်းမဟူတ်ဘူး ဒါကိုယ့်ဖုန်း ညနေကျရင် ကျောင်းအရှေ့မှာ စောင့်နေမှာမို့ မင်းငါ့ကို တွေ့မယ်လို့ ထင်တယ် ဒါပဲနော် ယွန်းလေး "

ပြောပြောဆိုဆိုနဲ့ သူ့စကားသူပြောပြီ ဖုန်းချသွားတာ ထိုသူပြောလိုက်တဲ့ စကားတွေကို ဂျယ်ယွန်းတစ်ယောက် နားမလည်ဖြစ်နေသည်။ သူ့ကိုလည်း ယွန်းလေးလို့ ခေါ်သည်။

အနက်‌‌ေရာင်ဆံနွယ်လေးတွေကို အသာဖွရင်း အော်လိုက်မိသည်။

Love is you | DOUBLE JDär berättelser lever. Upptäck nu