~ 13 ~

724 90 18
                                    

မဂ်လာပွဲသွားဖို့ကို အနောက်တိုင်းဝတ်စုံကို ကျကျနန ဝတ်ရင်း အကျီလဲနေသည့် ဆောနူကို ဧည့်ခန်းမှာ စောင့်နေသည်။

ဆောနူ အတွက် ဒီပွဲက သူနဲ့ ဂျယ်ယွန်းနဲ့ နှစ်ယောက် တူတူ တက်ရတဲ့ ပထမဆုံးပွဲဖြစ်တာကြောင့် ပျော်နေမိသည်။ ဒါပေမယ့် ဂျယ်ယွနိး အတွက်ကတော့ ပျော်ရွှင်စေတဲ့ ပွဲအခမ်းအနားတစ်ခု မဟုတ်တာ အမှန်ဘဲ။

အဖြူရောင်ဝမ်းဆက် အနောက်တိုင်းဝတ်စုံက်ု ဝတ်ပြီး ဆံပင် ကို လန်တင်ထားသည့် ဆောနူက လူကြီးလူကောင်း ပိစိလေးလို။

" အကို သွားကြမယ်လေ "

" အင်း "

ဒီတစ်ခါကားမောင်းတာက တော့ ဂျယ်ယွန်း။ ခါတိုင်းဆို ဆောနူကသာ မောင်းလေ့ရှိပေမယ့် ဒီနေ့ကြမှထူးထူးဆန်းဆန်း သူမောင်းမယ်ဆိုပြီး အတင်းဝင်မောင်းသည်။

မဂ်လာဆောင် နေရာက  ကြယ်ငါးပွင့် ဟိုတယ်။တောင်ကိုရီးယား နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ဟ်ုတယ်မှာ ထည်ထည်ဝါဝါ ပြုလုပ်သည့် မဂ်လာပွဲ။

ပွဲထဲ ဝင်ခါနီးတောင် လုံခြုံရေးက တင်းကြပ်ထားသည်။

လုံခြုံရေး စစ်ပြီး အခန်းအဝင်မှာတော့ နှစ်ဖက်မိဘတွေက ပွဲကို လာရောက်တဲ့ ဧည့်သည်တွေကို ဂါရဝ ပြုကြသည်။

ဂျယ်ယွန်းနဲ့ ဆောနူ ရောက်လာတဲ့ အချိန်မှာ ဂျေးရဲ့ မိဘတွေက ဖတ်လျင်းတကင်း ကြိုဆိုသည်။

* တစ်ချိန်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေသာ မရှိခဲ့ရင် ဒီမဂိလာပွဲရဲ့ အဓိက ဇာတ်‌ေဆာင်က သူဖြစ်ပြီး ဂျေး ရဲ့မိဘတွေဘေးမှာ ရပ်နေရမယိ့ သူကလညိး ဂျယ်ယွနိးရဲ့ မိဘတွေဖြစ်နေခဲ့မှာ *

" ဂျယ်ယွန်း ဖေဖေတို့ မေမေတို့ကော် မပါလာဘူးလား "

" မပါလာဘူးဗျ အလုပ်ကိစ္စတွေနဲ့ ရှုပ်နေလို့ပါ ဂုဏ်ပြုကြောင်းလည်း ပြောခိုင်းလိုက်ပါတယ် အဖေ .... အာ. မဟုတ်ဘူး ဦးလေး "

အဖေ ဆိုပြီး ခေါ်ဖူးတာ နှုတ်ကျိုးနေတော့ ခေါ်မိသွားတာဆိုပေမယ့် ဂျေးနဲ့ သူနဲ့က ဘာမှမှ မဆိုင်‌တော့တဲ့ သူစိမ်းတွေ ဖြစ်သွားပြီမဟုတ်လား။

Love is you | DOUBLE JWhere stories live. Discover now