~9~

704 90 16
                                    

မထင်ထားတဲ့ ဗီဒီယိုကြောင့် ဂျယ်ယွန်းလည်း ဘာမှ ရှင်းပြချက် ပြန်မပေးနိုင်လောက်အောင် ထိန့်လန့်သွားပြီး မြေပြင်ပေါ်ကို ဒူး‌ထောက်လျက်ကျသွားသည်။

ဒီအမှားကို သူကဘဲမှားခဲ့တာ မဟုတ်လား။ ဟုတ်တယ် မှားကို မှားခဲ့တာ။ လူမှန်းသူမှန်း မသိအောင် သောက်ခဲ့မိလို့။

ဗီဒီယို ကို ပို့လိုက်တဲ့ ဆောနူကို အပြစ်မတင်မိဘဲ ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေမိသည်။

" ဂျယ်ယွန်း မင်းနဲ့ ငါနဲ့ ဇာတ်လမ်းက အခု ဒီအချိန် ဒီနေရာမှာတင် ပြီးသွားပြီ မင်းကလွတ်လပ်တဲ့ သူတစ်ယောက်ဖြစ်သွားပြီ ငါမင်းကို စွန့်လွတ်လိုက်တာမို့ မင်းငါ့ကို လက်ထပ်စရာမလိုတော့ဘူး "

တုန်ရီနေသည့် အသံနှင့် စကားအဆုံး သူလက်မှာ ဝတ်ထားသည့် ဂျယ်ယွန်းနဲ့ ဆင်တူ စေ့စပ်လက်စွပ်ကို အခန်းထဲရှိသည့် အမှိုက်ပုံးထဲ ထည့်လိုက်ပြီး တစ်ချက်မှ လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။

* ငါမင်းကို တွယ်ကပ်ခဲ့တာတွေအတွကိ တောင်းပန်ပါတယ် မင်းအခု လွတ်လပ်တဲ့သူဖြစ်သွားပြီမို့ စိတ်ကြိုက်သာ ပျော်ရွှင်လိုက်ပါတော့ ဂျယ်ယွန်း ငါမင်းကို မုန်းတယ်*

သူ့ကို ကျောခိုင်းသွားသည့် ကျောပြင်ကို ကြည့်ရင်း ရင်ဘတ်ထဲ စူးအောင့်လာပြီး ဒူးထောကိလျက်ကနေ ရင်ဘတ်ကို ဖိကာ လဲကြသွားတော့သည်။

" ငါ့ကို မထားခဲ့ပါနဲ့ ဂျေး တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ပြန်လာပေးပါ ကျေးဇူးပြုပြီး....... "

အက်ကွဲတုန်ရီ နေသည့် အသံဖြင့် ပြောနေပေမယ့် ကျောခိုင်းထွက်သွားသည့် သူက ကြားမည့်ပုံမပေါ် ။ ဘယ်သူ့ကိုမှ အပြစ်မတင်သလို ကိုယ့်ကိုကိုယ်ဘဲ အပြစ်တင်နေမိသည်။
အဲ့ညက သူသာ အဲ့ထိလောက်အထိ မသောက်ခဲ့ရင် ဒီလို ကိစ္စတွေ ဖြစ်လာစရာအကြောင်းမရှိခဲ့တာ အမှန်ပင်။

*ဒီနေ့ ဒီအချိန် ကစပြီး မင်းငါ့ကို စွန့်ပြစ်သွားခဲ့တာ ကို ငါတစ်သက်လူံးမှတ်ထားပြီး နောင်တရနေမယ် ဂျေး
အရမ်း ချစိတယ်ဆိုတာလေးတော့ သိထားပေးရင်ကောင်းမယ် မင်းတစ်ယောက်ထဲကိုဘဲလေ။*


















Love is you | DOUBLE JWhere stories live. Discover now