~10~

721 88 26
                                    

" sorry  ဆောနူ အကို စိတ်လွတ်သွားလိူ့ "

နမ်းရှိုက်နေရင်းကနေ တွန်းထုတ်လိုက်ပြီး အခန်းထဲက ထွက်သွားသော ဂျယ်ယွန်းရဲ့ ကျောပြင်ကို ကြည့်ပြီး

" လွယ်လိုက်တာနော်  ဘာဘဲဖြစ်ဖြစ်ပါ အကို့ အတွက် ကျွနတော်က စိတ်အပန်းပြေစေတယ်ဆို လိုက်လျက်ပေးမှာပါ "

ချစ်ရတဲ့ အကို့ရဲ့ ကျောပြင်ကို ကြည့်ပြီး ထိန်းမနိုင်တော့ဘဲ စီးကျလာတဲ့ မျက်ရည်တွေနဲ့အတူ ရင်ဘတ်ကလည်း ထိုးအောင့်လာတော့သည်။

မခံနိုင်တဲ့ အဆုံး ရင်ဘတ်ကို နားက အကျီစကို တင်းတင်းကြပ်ကြပ် ကိုင်ရင်း ‌မြေပြင်ပေါ်သို့ ခွေကျသွားသည်။

" ကျွန်တော် အရမ်းနာကျင်တယ် "

ရှိုက်ရှိုက်ငိုရင်း ရင်ဘတ်ကို နာနာကျင်ကျင် ထုရိုက်နေတဲ့ လက်ကလေးတွေကို တားချင်ျပမယ့်လည်း သူက မဆိုင်သူ မှတ်လား။

" ကျွန်တော် လုပ်လိုက်မိတာ ဆောနူကို မပျော်ရွှင်စေဘဲ နာကျင်စေမိနေတာလား ။ ဆောနူ ပျော်နေတာကိုဘဲ မြင်ချင်နေမိတာ အခုတော့ အခုတော့ မှားပြီထင်တယ် "

ဝရံတာ ပေါ်က ငိုကြွေးနေတဲ့ ကောင်လေးကို ကွယ်ရာက ကြည့်ရင်း ငိုကြွေးနေပြန်တဲ့ နောက်ထက် ကောင်လေးတစ်ယောက်။








စိတ်တွေရှုပ်နေမိတာကြောင့် စံအိမ်ထဲက ထွက်လာပြီး ခြေဦးတည့်ရာ ကို လမ်းလျှောက် ထွက်လာမိတာ

တက္ကသိုလ် အရှေ့ကိုတောင် ရောက်နေပြီ။

နောက်ဆုံး ဘွဲ့မယူခင်ထိ....... စာမေးပွဲ မဖြေခင် အထိ  ဂျေးနဲ့ အမှတ်တရတွေ ရှိခဲ့တာ အင်းး... ကောင်းတဲ့ အမှတ်တရတွေပေါ့

တက္ကသိုလ်ဂိတ် တံခါးရှေ့က ဖြတ်လျှောက်ရင်း  အမှတ်တရတွေကလည်း ခေါင်းထဲ တစ်ခုချင်း တစ်ခုချင်း တရစပ် ‌ပြန်‌ပေါ် လာ ခဲ့ပြန်သည်။

ပါးပြင်ပေါ် ကျလာသည့် မျက်ရည်တွေကို လက်ဖြင့် ခက် ကြမ်းကြမ်းသုတ်ကာ ဝင်နေကြ စတိုးဆိုင်လေး ထဲကို ပြေးဝင်မိသည်။

" ဟူးးးး မဟုတ်တာ‌‌တွေကို တွေးနေမိပြန်ပြီ   Ramen စားလိုက်ရင် မေ့သွားမှာပါ "

Love is you | DOUBLE JWhere stories live. Discover now