~ 11 ~

737 93 16
                                    

လက်ကို အတင်းဆွဲထားတဲ့ ယူနာ ရဲ့လက်ကို တွန်းဖယ်လိုက်ရင်း

" ယူနာ ကိုယ့်မင်းကို မချစ်ပေမယ့် ဒီကလေးက ကိုယ့်ကလေးမို့လို့ မပေါ့ဆ ပါနဲ့ "

* ကိုယ်မင်းကို မချစ်ပေမယ့် * ဒီလို စကားမျိုးပြောထွက်လာမှာကို အစထဲက သိသည်။ ဒါပေမယ့် သူ့နားမှာရှိရင် ပြီးရော ဆိုပြီး သိမ်းသွင်းမိခဲ့တာ ဒီလို စကားကြားရပြီး ဂျေး အနားမှာ နေရတာ မရှိတာထက်တော့ ကောင်းပါတယ်။

" ကို ယူနာ့ကို ချစ်ပေးလို့မရဘူးလားဟင် "

" ......... "

" ဖြေလေ ကို့ရဲ့ ရင်သွေးလေးကိုလည်း လွယ်ထားရတယ်လေ မချစ်ပေးနိုင်ဘူးလား "

ယူနာ မေးလာသည့် အမေးကို မဖြေချင်တာ မှန်ပေမယ့်

" ကြာလာရင်တော့ ချစ်လာမှာပါ "

ဂျေး ရဲ့ အဖြေကြောင့် အပျော်လွန်ပြီး ထခုန်တော့

" ဟေးဟေး အဲ့လို မခုန်ရဘူးလေ ကလေးကို ထိမိအုန်းမယ် "

" ဟီး ပျော်လို့ပါ ထမင်းသွားစားကြရအောင် "

ဒီအဖြစ်အပျက်ကို အစအဆုံး မြင်သွားခဲ့တဲ့ ဂျယ်ယွန်းကတော့ တစ်ယောက်ထဲ ရင်ထဲ ကြိတ်ခံစားနေရသည်။

တစ်ကယ်ဘဲ သူ့ကို မချစ်တော့တာလား။ တူတူ လုပ်ခဲ့တဲ့ အမှတ်တရတွေကို တကယ် ဖျောက်ပြစ်နိုင်လိုက်တာလား ဂျေ။

*တကယ်ဘဲ ငါ့ကို မချစ်တော့တာလား *




























" အဒေါ်ကြီး ဆောနူ ရော "

အိမ်ပြန်ရောက်ရောက်ချင်း အိမ်ရဲ့ အခြေအနေက ပုံမှန်နေ့တွေထက် တိတ်ဆိတ်နေလို့ ထမင်းစား ခန်းထဲက ထွက်လာသည့် အဒေါ်ကြီးက်ု မေးကြည့်တော့

" ဟို သခင်လေးက အပေါ်ထပ်အခန်းထဲမှာပါ ပြီးတော့ ........... "

"ပြီးတော့ ဆက်ပြောလေ အဒေါ်ကြီး "

" ဘယ်သူ့မှ အခန်းထဲ ဝင်မလာပါနဲ့လို မှာထားတယ် "

" ကျွန်ဝောာ်‌‌ ရောလား "

" ဟုတ်ပါတယ် "

ဆောနူ သူ့ကို ဘာကြောင့် အခန်းထဲ ပေးမဝင်တာ‌လဲ ဆိုတဲ့ အ
ကြောင်းပြချက်ကို သိသည်။

Love is you | DOUBLE JUnde poveștirile trăiesc. Descoperă acum