~8~

780 95 32
                                    

" Jay သားရေ ဂျယ်ယွန်းလေး ဘေးမှာရှိတယ်မှတ်လား "

"မရှိပါဘူး အန်တီ မနေ့က ဒရိုင်ဘာ လာခေါ်သွားတယ်ဆိုလို့ အိမ်ပြန်ရောက်နေပြီ ထင်တာ အခုမရှိဘူးလား "

" မရှိဘူးသားရေ ဒီကလေး ဘယ်ကို သွားပြန်ပြီလဲ မသိဘူး သားနဲ့ တူတူရှိမယ်ထင်နေတာ စိတ်ပူလိုက်တာ "

ဂျယ်ယွန်း မေမေ ပြောလာသည့် စကားကြောင့် မနက်ခင်းနေလင်းလတ်နေတဲ့ အချိန် မိုးကြိုးပြစ်ချလိုက်သလို ခံစားလိုက်ရသည်။

မနေ့ညက သူကိုယ်တိုင် ကားပေါ်ကို တင်ပေးခဲ့တာ။ ကားထွက်သွားတဲ့ အထိ သူရှိနေခဲ့တာ။ ဒရိုင်ဘာဆိုသူနဲ့ သေသေချာချာ ထည့်ပေးလိုက်တာ ဘာဖြစ်လို့ အိမ်ကို ပြန်မရောက်ရတာလဲ။

ခေါင်းတွေက ထူပူလာပြီး ဘာမှ တွေးမရဖြစ်နေတာမို့ ရေချိုးခန်းထဲ သွားပြီး မျက်ကို ရေနဲ့ ခက်ကြမ်းကြမ်း သစ်လိုက်သည်။ မနေ့ညက အရှိန်ကလည်း မသေသေးတာကြောင့် လူက ယိုင်တိုင်တိုင်နဲ့။။ အိမ်တော်ထိန်းကြီး လုပ်ပေးငည့် အမူးပြေ ဟင်းရည်ကိုတောင် မသောက်နိုင်ဘဲ ဘားကို နောက်တစ်ခေါက် ထွက်သွားသည်။

မနေ့ညက CCTV မှတ်တမ်းတွေကို ပြန်ကြည့်လိုက်တဲ့ အခါမှာ မသင်ကာစရာ လူတစ်ယောက်ကို တွေ့သွားသည်။ ထိုသူက သူ့လောက် ခန္ဓာကိုယ် မထွားပေမယ့် ငွေရောင် ဆံနွယ်တွေရှိတဲ့ သူတစ်ဦး။

ဂျယ်ယွန်း သန့်စင်ခန်းသွားတဲ့ အချိန် အနောက်ကနေ လိုက်ဝင်သွားတာလဲ ထိုလူဘဲ။ တစ်ချက်သတိအလစ်မှာ ဂျယ်ယွန်းကို ခေါ်သွားတာလဲ ထိုလူဘဲ။ သေချာ မှတ်မိသည် ဂျယ်ယွန်းကို ခေါ်သွားသည့် ဒရိုင်ဘာဆိုသည့် သူက ဦးထုပ်ဆောင်းထားပေမယ့် ဦးထုပ်အောက်က ငွေရောင်ဆံနွယ်တွေကို အသေအချာ မှတ်မိလိုက်သည်။

* ငါ့ ဆီက ဘာကို လိုချင်လို့ အခုလိုမျိုး ဂျယ်ယွန်းကို ခေါ်သွားရတာလဲ။ သူကကော် ဘယ်သူလဲ ဘယ်ကလဲ ဘာကိစ္စကြောင့် ဒီလိုမျိုးတွေ လုပ်နေရတာလဲ * ဆိုတာ Jay တင်မက ဘယ်သူမှ မသိရှိပေ။

ထိူငွေရောင်ဆံပင်တွေနဲ့ သူလုပ်သွားတာ အရမ်းသေသက်ပြီးပိရိလွန်းသည်။ ကားနံပါတ်၊ ဂျယ်ယွန်းရဲ့ ဖုန်း CCTV မှတ်တမ်းတွေရှိနေတာတောင် နောက်ယောင်ခံလိုက်လို့မရဘူး။ ဒီလူက သေချာပေါက် အာဏာရှိတဲ့သူဘဲ ဖြစ်ရမယ်လို့ Jay ကောက်ချက်ချမိသည်။



Love is you | DOUBLE JWhere stories live. Discover now